အပိုင်း(၁၉)-ယန်ရှယ်သေနတ်ခလုတ်ကိုဖိလိုက်ချေပြီ

2.2K 499 33
                                    

"နောက်ဆုံးတော့ ယန်ရှယ်သည် ဖြည်းညင်းစွာနှင့် သေနတ်ခလုတ်ကို ဖိလိုက်ချေပြီ"
-----------------------------------------------

"မင်းက Adderall အတုတွေသုံးအောင် ကျောင်းသားတွေကို မျှားတယ်။ မင်းငှားနေခဲ့တဲ့တိုက်ခေါင်မိုးက ဆေးထုတ်လုပ်ရေးပစ္စည်းတွေမှာလည်း မင်းရဲ့လက်ဗွေရာတွေတွေ့ရတယ်။ ဒီလောက်လက်ပူးလက်ကြပ်မိနေတာတောင် ဘာများပြောစရာကျန်သေးလို့လဲ?"

"အရာရှိကြီးရယ် ခင်ဗျားဘာတွေပြောနေမှန်း ကျွန်တော် တစ်လုံးမှနားမလည်ပါဘူး။ အဲ့ဒီပစ္စည်းတွေကကျွန်တော် ဒီတိုင်းတိုလီမုတ်စအနေနဲ့ကောက်ထားတာပါ။ အဲ့ဒါတွေကို ဆေးထုတ်တဲ့နေရာမှာသုံးမှန်းလုံးဝမသိရပါဘူးဗျာ။"

"ခေါင်းမမာစမ်းနဲ့။ မင်းအခုဝန်ခံလိုက်ရင် စီရင်ချက်ချတဲ့နေရာမှာ သက်ညှာပေးမယ်။ အဓိပ္ပာယ်မရှိတာတွေပဲပြောနေဦးမယ်ဆိုရင်တော့ ဘယ်သူမှမင်းကိုကယ်ပေးလို့ ရမှာမဟုတ်တော့ဘူး!"

"ဟား ဟား ဟား၊ အရာရှိကြီး, ခင်ဗျားက နှစ်ကုန်ရာထူးတိုးအောင် ကျွန်တော့ကိုအသုံးချဖို့ကြံနေတာများလား? မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှုဆိုတာ သေဒဏ်နော်။ ခင်ဗျားက ကျွန်တော်မလုပ်ခဲ့တာတွေကို အတင်းဝန်ခံအောင်ဖိအားပေးနေတာလား?"


စစ်ဆေးရေးအခန်း​၏ တစ်ဖက်မြင်မှန်ချပ်နောက်တွင် ယန်ရှယ်သည် Bluetooth နားကြပ်ကိုတပ်ထားရင်း စစ်ဆေးရေးဖြစ်စဉ်တစ်ခုလုံးကို ကျောခိုင်းလိုက်လေသည်။

သူက ပက်တီးဖြည်၍ တလဟောကျနေသော ရေစက်များအောက် လက်အစုံကိုနေရာချရင်း ဟက်တက်ကွဲနေသောလက်ချောင်းလေးများကို ရေပိုက်အောက် ဆန့်ထုတ်လိုက်သည်။ ခဲ၍ကပ်နေသောသွေးများမှာ ရေတွင်ပျော်ဝင်လျက် အနီရောင်စီးကြောင်းများအဖြစ် လက်တစ်ချောင်းချင်းဆီမှ စီးကျလို့သွားသည်။

​အရိုးထဲသို့ အက်ထောင်ချီနှင့် အထိုးခံနေရသလိုပင်။ တဆစ်ဆစ်နာကျင်ကိုက်ခဲမှုကား အတိုင်းအဆမရှိ။ သို့သော်လည်း သူကတော့ ဘာမှမခံစားရသည့်အလား။ မျက်ခုံးလေးပင်မတွန့်သွား။ စိတ်အာရုံအလုံးစုံကို နားကြပ်မှပြန့်လွင့်လာသော အပြန်အလှန်ပြောဆိုမှုများထံသို့သာပို့ထားလေသည်။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now