အပိုင်း(၂၉)-မျက်နှာချင်းဆိုင်

2.4K 421 68
                                    

လူ့ဘဝ​၏ အနိစ္စသဘောတရားပင်၊ ဟိုးယခင်နှစ်များစွာက မတူညီတဲ့ကမ္ဘာတွေမှာရှင်သန်ခဲ့ကြတဲ့  အကြီးတန်းအရာရှိတစ်ဦးနဲ့ အညတရရဲဝန်ထမ်းတစ်ဦးဟာ ယခုဒီနေရာမှာ အတူတကွရပ်ပြီး ဒီလိုမျက်နှာချင်းဆိုင်နေလိမ့်မယ်လို့ ဘယ်သူထင်ထားပါ့မလဲ

-------------------------------------------------

"သံသယရှိသူရဲ့ကားက အနီရောင် Camry ကားဟောင်းဖြစ်ပြီးတော့ လိုင်စင်နံပါတ်ပြားကိုဖုံးထားပါတယ်။ ကားက မနက် သုံးနာရီခြောက်မိနစ်မှာ ဓာတုစက်ရုံ တောင်ဘက်ဂိတ်ပေါက်ကနေထွက်ပြီး စန်းဟွမ်လမ်းမကြီးတစ်လျှောက် အရှေ့တောင်ဘက်ကို မောင်းထွက်သွားပါတယ်။ အဲ့ဒီနောက် စီရင်စုအဝေးပြေးလမ်းမကြီးကိုဦးတည်သွားပြီး ဆယ့်ငါးမိနစ်အကြာအထိ နောက်ဆုံးမြင်တွေ့လိုက်ရတာဖြစ်ပါတယ်။"

"ပြန်ပေးသမားတွေက မြေအောက်မူးယစ်ဆေးဂိုဏ်းတစ်ခုကလို့ ခန့်မှန်းရပါတယ်။ ဓားစာခံတစ်ယောက်လက်ထဲမှာရှိနေပေမဲ့ ဘာကမ်းလှမ်းမှုမှမလုပ်လာသေးပါဘူး။ ပျောက်ဆုံးနေတဲ့ ချူစင်ဟာ နှစ်ဆယ့်တစ်နှစ်အရွယ်ရှိပြီး ပေကျင်းက ဓာတုဗေဒဘွဲ့ရကျောင်းသားတစ်ယောက်ပါ။ သူက ဓာတုစက်ရုံမှာ အလုပ်သင်ဆင်းဖို့ ကျန်းနင်ကိုလာခဲ့ပြီး အမှုတွဲ ၅၀၂ အေးခဲအလောင်းအမှုနဲ့ပက်သက်ပြီး လျှို့ဝှက်ချက်တစ်စုံတစ်ရာကို သိရှိထားသူလို့ ခန့်မှန်းရပါတယ်။ တစ်ချိန်တည်းမှာပဲ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအဆင့် ထိပ်ဆုံးမှာရှိတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် ပြန်ပေးသမားတွေက သူ့ရဲ့ ဆေးထုတ်လုပ်မှုစွမ်းရည်အပေါ်  စိတ်ဝင်စားနေတာလည်း ဖြစ်နိုင်ပါတယ်။"

"ယာဉ်ကြောထိန်းသိမ်းရေး ရုံးချုပ်၊ ယာဉ်ကြောထိန်းသိမ်းရေး ရဲတပ်ဖွဲ့၊ စီရင်ပိုင်ခွင့်နယ်မြေမှာ ရှိသမျှ လုံခြုံရေးအဖွဲ့တွေနဲ့ အခြေစိုက်ရဲစခန်းတွေအကုန် : တပ်ဖွဲ့ဝင်မှန်သမျှ အသင့်ပြင်ပြီး လမ်းတစ်လျှောက်က CCTV မှတ်တမ်းတွေ တစ်ခုမကျန် ယူခဲ့ကြ! ပြန်ပေးသမားတွေ တစ်ခုခုမလှုပ်ရှားခင် ဓားစားခံရဲ့ လုံခြုံရေးအတွက် ငါတို့လုပ်နိုင်သမျှအကုန်လုပ်ရမယ်!"

ယန်ရှယ်​သည် မြန်ဆန်လှသောခြေလှမ်းတို့ဖြင့် ဆူညံခြေရှုပ်နေသော မှုခင်းရေးရာစုံစမ်းစစ်ဆေးရေးဌာန​၏ ဟောခန်းကိုဖြတ်၍ ကိုယ်ပိုင်ရုံးခန်းထဲဝင်ကာ လက်နောက်ပြန် တံခါးပိတ်လိုက်လေသည်။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now