အပိုင်း(၄၈)- အရင်းရှင်ကြီးနှင့် ပစ္စည်းမဲ့လူတန်းစားလေး​၏ ခုခံမှု

1.9K 372 60
                                    

အာဏာပိုင် အရင်းရှင်ကြီး​နှင့် ပစ္စည်းမဲ့လူတန်းစားလေး​၏​မလိုမုန်းထားခုခံမှု
--------------------------------------------------

နံနက်ခင်း ဝေလီဝေလင်း လူရှင်းနေသော လမ်းမကြီးထက်တွင် ဖြစ်သည်။

အလင်းအလျင်နှင့် မောင်းနှင်လာသော Phaeton ကြီးမှာ နံနက်နှင့်ည စပ်ယှက်နေသော ကာလဒေသအပိုင်းအခြားတွင် ဥက္ကာပျံတစ်စင်းအလား လမ်းမကြီးအဆုံး၌ တိုးဝင်ပျောက်ကွယ်သွားလေသည်။ ကျန်ရစ်လေသော မီးခိုးငွေ့တန်းသည်လည်း တဖြည်းဖြည့် လွင့်ပျယ်လျက်။

"အကြောင်းစုံဒါပါပဲ။"

ယန်ရှယ်​၏ ဖုန်းနှင့်ချိတ်ဆက်ထားသော ကားဘလူးတုဘောက်စ်မှ မာရှန်​၏အသံထွက်ပေါ်လာသည်။

"အဖွဲ့က ရဲကားတွေ ထျန်းဇုန့်တောင်ကို ထွက်သွားကြပြီ။ ကျွန်တော်လည်း အခုလမ်းပေါ်ရောက်နေပြီ။ ရောက်မှတွေ့ကြတာပေါ့။"

"ကောင်းပြီ။ ဓားစာခံရဲ့ မိဘတွေကို နှစ်သိမ့်ပေးလိုက်ဦး။ မေးမြန်းလို့မရလောက်အောင်ထိ စိတ်မလှုပ်ရှားစေနဲ့။"

ပြီးနောက် ယန်ရှယ် ဖုန်းချလိုက်​၏။

"ညက ရှိန်းရှောင်ချီရဲ့ မိဘတွေ အိမ်ကိုရောက်တော့ သူတို့မှာ စိတ်မအေးနိုင်သေးတာနဲ့ ညတွင်းချင်းလိုက်သွားပြီး သားကိုသွားကြိုကြပါလေရော။ လူပျိုပေါက်အရွယ်လေးတွေရဲ့ ဘုကန့်လန့်တိုက်တတ်တဲ့အကျင့်နဲ့ဆို ပြန်ခေါ်လို့မရမှာစိုးလို့ဆိုပြီး ကြိုအသိမပေးလိုက်ဘူးတဲ့လေ။ လင်မယားနှစ်ယောက် မနက်စောစော သုံးနာရီလောက်ကြီး သူတို့တည်းနေတဲ့နေရာကိုလည်းရောက်ချသွားရော သူ့သားက အတန်းဖော်တွေနဲ့အတူ ရှိမနေဘဲ ပျောက်ခြင်းမလှပျောက်နေတဲ့အပြင် တစ်ညလုံးလည်းပြန်မအိပ်ဘူးဆိုတာ သိလိုက်ရတယ်။ အဲ့ဒါနဲ့ စိုရိမ်တကြီး အတန်းဖော်တွေကိုမေးပေမဲ့ ကလေးတွေက အင်တင်တင်လုပ်နေတယ်တဲ့။"

ကျန်းထင်သည် ဒရိုင်ဘာဘေးခုံတွင် နောက်မှီလျက် မျက်လုံးမှိတ်ထား​၏။ ဖြူဖျော့နေသော မျက်နှာနှင့်

"အင်တင်တင်လုပ်နေတာ?"

"သူတို့က မသိဘူးချည်းပြောနေတာ။ ရှိန်းအဖေကြီးနဲ့ ရှိန်းအမေကြီးတို့ကနေပြီး သူတို့သားက မီးပုံပွဲပြီးမှ ထွက်သွားတာလား၊ မပြီးခင်ထွက်သွားတာလား မေးတာကို တချို့က ပြီးမှထွက်သွားတယ်လို့ဖြေပြီး တချို့က မပြီးခင်ထွက်သွားတယ်လို့ ဖြေကြတာတဲ့။"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now