အပိုင်း(၅၈)-ကျွန်တော်....ကျွန်တော်ကသူ့သူငယ်ချင်း

1.8K 413 34
                                    

"ကျန်းထင်က ဖြည်းညင်းစွာနှင့် : 'ငါကမင်းတို့အစ်ကိုယန်ရဲ့ သတ်မှတ်ချက်အတိုင်းပဲ။"
-------------------------------------------------------------

သံဘီးများက ချောမွတ်နေသော ကြမ်းပြင်ပေါ်တွင် တစ်ပတ်လည်ရင်း စင်္ကြံလမ်းဘက် ရေးကြီးသုတ်ပျာ လှိမ့်ထွက်သွားလေသည်။ ထို့နောက် တခဏအတွင်း အရေးပေါ်ကုသရေးမီးလင်းလာ​၏။

"အရေးပေါ် သွေးသွင်းဖို့လိုတယ်။ မိသားစုဝင်တွေကို ချက်ချင်းဆက်သွယ်ပြီး ခွဲစိတ်ခွင့်လက်မှတ်ထိုးဖို့ပြင်ထားခိုင်းလိုက်............"

မနီးမဝေး၌ ပွက်လောညံနေကာ ကျန်းထင်မှာမူ အရေးပေါ်ခန်းအပြင် စင်္ကြံလမ်းပေါ်၌ ငုတ်တုတ်ထိုင်လျက် ခြေထောက်အောက်ရှိ ပြောင်လက်နေသော ကြမ်းပြင်ကိုသာ စိုက်ကြည့်နေသည်။ ရုတ်တရက် သူ့အပေါ်မှ သူနာပြုတစ်ယောက်​၏ အသံကို ကြားလိုက်ရသည်။

"လူနာရဲ့ မိသားစုဝင်လားမသိဘူး?"

ကျန်းထင်သည် နှစ်စက္ကန့်မျှ တံ့သွားပြီးမှ မော့ကြည့်လာ​၏။ သူနာပြုမှာ စိုးရိမ်မှုအပြည့်နှင့်

"ဒီကလူကြီးမင်းက လူနာရဲ့ မိသားစုဝင်လား?!"

".......မဟုတ်ပါဘူး"

ကျန်းထင်မှာ စိတ်နှင့်လူနှင့်ကောင်းကောင်းမကပ်ဘဲ

"ကျွန်တော်.......ကျွန်တော်က သူ့သူငယ်ချင်းပါ"

သူနာပြုခမျာ ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားစဉ်မှာပင် စင်္ကြံလမ်းထဲ တစ်စုံတစ်ယောက်ပြေးဝင်လာပြီး သူမအနောက် ပုခုံးကိုဆွဲလှည့်လာ​၏။ ရေစိုနေသော ရဲအိုင်ဒီကဒ်ကို သူမမျက်စိရှေ့တည့်တည့် ထုတ်ပြလိုက်သည့် မာရှန်ကိုမြင်တွေ့လိုက်ရပေသည်။

"လူနာက ကျွန်တော်တို့ မြို့တော်ရုံးချုပ်ရဲ့ မှုခင်းရေးရာစုံစမ်းစစ်ဆေးရေးဌာန ဒုခေါင်းဆောင်။ ဒီအကြောင်းကို သက်ဆိုင်ရာနယ်မြေရဲစခန်းကိုလဲ အကြောင်းကြားပြီးပြီ။ အခုချက်ချင်းခွဲစိတ်ပေး၊ မြန်မြန်!"

သူနာပြုမလေးလည်း အသားကုန်ပြေးသွားတော့သည်။ မာရှန်သည် လူနာတင်ကားဖြင့် ဝရုန်းသုန်းကား ရောက်ချလာသည်ဖြစ်ရာ ရေနစ်ထားသော ကြွက်စုတ်ကဲ့သို့ ဟောဟဲလိုက်နေရှာသည်။ သူက ရေတစက်စက်ကျနေသော ဆံပင်ကို သပ်တင်လျက် မျက်နှာချင်းဆိုင်ရှိ ခုံတန်းလျားပေါ် ဝင်ထိုင်လိုက်​၏။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now