အပိုင်း(၂၈)-စုံစမ်းစစ်ဆေးရေးခေါင်းဆောင် Vs ခြေတံရှည်ရှည် ကျင်ဟွား

2K 416 44
                                    

မှုခင်းရေးရာစုံစမ်းစစ်ဆေးရေးခေါင်းဆောင် Vs ခြေတံရှည်ရှည် ရဲပန်းကလေး

-------------------------------------------------

ညနေစောင်း​၏ ရှုပ်ယှက်ခတ်နေသော လမ်းသွယ်များကြားမှ ဥဩဆွဲသံများနှင့်အတူ ရဲကားများဖောက်ထွက်လာပြီး လမ်းသွားလမ်းလာတို့​၏ စပ်စုသောအကြည့်များကိုဖြတ်လျက် ဆေးရုံဆီသို့ အသော့နှင်နေကြသည်။

" 'To see the Obvious' ရဲ့စာရေးဆရာက ဩစတေးလျနိုင်ငံသား ဓာတုဗေဒပညာရှင် Arthur Birch ဆိုတဲ့လူဖြစ်ပြီးတော့ ဒီနယ်ပယ်မှာ သူ့နာမည်ကိုအစွဲပြုပေးထားတဲ့ Birch reduction ဆိုတာကို စတင်မိတ်ဆက်ခဲ့သူ အဖြစ်နာမည်ကြီးတယ်။  'Amorphous Phosphorus ကိုစက်ရုံတွင်ထုတ်လုပ်နည်း' ဆိုတဲ့စာအုပ်က ၁၈၄၈ခုနှစ်မှာ ဩစတီးယား ဓာတုဗေဒပညာရှင် Anton Schrötter ထုတ်ဝေခဲ့တဲ့စာအုပ်၊  Schrötterက Phosphorus အဖြူကို inert gas မှာ ၂၅၀ဒီဂရီဆဲလ်စီးယပ် အထိအပူပေးလိုက်ရင် အနီရောင် allotrpe ဖြစ်တဲ့ Phosphorus အနီ ကိုရတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့တဲ့လူအနေနဲ့ ကျော်ကြားတယ်။ 'Terpene နဲ့ Camphor' ရဲ့ စာရေးဆရာ Otto Wallach ကတော့ ၁၉၁၀ခုနှစ်မှာ ဓာတုဗေဒနိုဘယ်ဆု ရခဲ့တဲ့ ပညာရှင်တစ်ယောက်ဖြစ်ပြီးတော့ carbonyl ဒြပ်ပေါင်းတွေကနေ amnonia သို့မဟုတ် amine အဖြစ်ပြောင်းတဲ့ reductive amination တစ်နည်းအားဖြင့် သူ့နာမည်တစ်စိတ်တစ်ပိုင်းကိုအစွဲပြုပေးထားတဲ့ Leuckart-Wallach reaction ကို ရှာဖွေတွေ့ရှိခဲ့တဲ့လူလည်းဖြစ်တယ်။"

(T/N- ဩစတေးလျ Australia 🇦🇺နဲ့ ဩစတီးယား Austria 🇦🇹 နဲ့က မတူညီတဲ့နိုင်ငံနှစ်ခုပါနော်)

ယန်ရှယ်သည် စီယာတိုင်ကိုကိုင်ထားရင်း မနေနိုင်မထိုင်နိုင် ဘေးခုံကိုတစ်ချက်ရှိုး၍ မေးမိတော့သည်။

"ဒါတွေက ပြန်ပေးဆွဲတာနဲ့ ဘာဆိုင်လို့လဲ?"

"Brich reduction, Red Phosphorus reduction နဲ့ Leuckart reduction ဒီသုံးမျိုးလုံးမှာ ဘုံတူနေတာတစ်ခုရှိတယ်။"

ကျန်းထင်သည် ချူစင်​၏ မှတ်စုကိုကြည့်နေရာမှ ခေါင်းမော့လာ​၏။

"ဒီသုံးခုက လက်ရှိ မူးယစ်ဆေးဝါးထုတ်လုပ်ရေးဂိုဏ်းတွေသုံးတဲ့ methamphetamine ထုတ်လုပ်မှုရဲ့ အရေးအကြီးဆုံး အဆင့်သုံးဆင့်ပဲ။"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now