အပိုင်း(၂၀)-အနမ်းတစ်ပွင့်ခြွေလိုက်သည်

2.5K 479 41
                                    

"ယန်ရှယ်နှင့်တိုက်မိပြီး နှစ်ယောက်သားထိုင်ခုံပေါ်သို့ပြုတ်ကျသွားလေသည်။ သူက သူ့မျက်နှာကိုကိုင်လျက် အနမ်းတစ်ပွင့်ခြွေလိုက်တော့သည်။"

-------------------------------------------------

စစ်ဆေးရေးအခန်းတွင်းသာမက အခန်းပြင်ပ မှန်ပြင်မှကြည့်နေသူများသည်ပင် တောင့်တင်းသွားရ​၏။

ကုံလိက ရေရွတ်လိုက်​သည်။

"ချီးပဲ၊ ဘာတွေဖြစ်ကုန်တာလဲ?"

ဟူဝေရှိန့်မှာ လျှပ်စစ်ထိုင်ခုံတွင် ထိုင်နေရသကဲ့သို့ ထူးဆန်းစွာအမူအရာပြောင်းသွားချေသည်။ နဂိုမဲ့ရွဲ့နေသောမျက်နှာမှာ ယခုအခါ ပိုလို့တောင် ရွဲ့စောင်းလာပြီး အက်ရှရှ အသက်ရှူသံကိုပါကြားနေရ​၏။

"အဲ့ဒီကျန်းမျိုးရိုးက စာအုပ်ထဲမှာတောင်မပါတဲ့ကိစ္စတွေလုပ်ခဲ့တာ__ သူအဲ့လိုဖြစ်သွားတာပဲကောင်းတယ်။ သူက သေခြင်းတရားနဲ့ပဲထိုက်တန်တယ်။"

"သူ့သူငယ်ချင်းဆိုတဲ့လူကရော ရဲပဲလား? တရားလွှတ်တော်ရုံးကလား? ဒါမှမဟုတ်တခြားရုံးဌာနကလား? မှန်မှန်ကန်ကန်မလုပ်ခဲ့ဘူးဆိုတာဘာကိုပြောချင်တာလဲ? အရင်ကမင်းကိုစစ်ဆေးခဲ့တာဘယ်သူလဲ? ကုံကျိုးရဲ့စနစ်မှာ ထုတ်ပြောလို့မရတဲ့ သတ်မှတ်ချက်တွေရှိနေတာလား?"

'ဘန်း' ခနဲရိုက်ခတ်သံကို တစ်ဖက်မှန်ပြင်နောက်ကပင် ကြားရသည်။ ချင်ချွမ်းက မှန်ကိုခေါက်၍ နားကြပ်မှတစ်ဆင့်အော်ပြောလိုက်​၏။

"လောင်ယန်!"

ယန်ရှယ်ကတော့ အပြင်ဘက်ကို အာရုံမရှိပါချေ။ ထိုအစား ဆေးလိပ်ကိုကျစ်ကျစ်ဆုပ်လျက်အံကြိတ်ထားပါသော ဟူဝေရှိန့်၏အမူအရာကိုသာ မျက်တောင်မခတ်တမ်းကြည့်နေ​၏။

"ငါမသေချင်ဘူး! ငါသေဒဏ်ကျခံရလောက်တဲ့အထိနိုင်ငံတော်ပြစ်မှုမကျူးလွန်ထားဘူး__ငါပစ္စည်းနည်းနည်းသယ်ခဲ့ရုံပဲ။ သူတို့ မြစ်ဖြတ်ပြီးတာနဲ့ တံတားကိုချိုးလိုက်လို့မရဘူးလေ။ ကျန်းမျိုးရိုးကိုသတ်လိုက်ပြီဆိုတော့ နောက်တစ်ခါအလှည့်ကျမှာက ငါ......."

(T/N- 《过河拆桥》မြစ်ကိုဖြတ်ပြီးတာနဲ့တံတားကိုချိုး >> သူတို့အတွက်အကျိုးရပြီးပြီဆိုတာနဲ့ အသုံးမလိုတော့တဲ့ကိစ္စတွေလူတွေကိုရှင်းလိုက်တာမျိုး)

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Onde histórias criam vida. Descubra agora