အပိုင်း(၆၆)-Darwin​၏သီအိုရီမှာ လိင်တူဆက်ဆံရေးအတွက် မဟုတ်

2K 334 107
                                    

"Darwinရဲ့ သီအိုရီက ငါတို့ဟိုမိုတွေ အကျုံးမဝင်ဘူး။"
-------------------------------------------------------------------

ယန်ရှယ်​မျက်နှာတွင်ခံစားချက်တို့ဗလာနတ္ထိဖြစ်သွားပြီး ကြောင်အမ်းစွာ ရပ်နေရင်းပင် ကျောရိုးတစ်လျှောက် ချမ်းစိမ့်စိမ့်ခံစားချက်ကြီးတစ်ခု ဖြတ်သွားလေသည်။

"အစ်ကိုယန်"

"........"

"အစ်ကိုယန်?"

ယန်ရှယ်လှည့်ကြည့်လိုက်ရာ ဖုန်းပြောပြီးပြန်လာသော ကောင်းဖန့်ချင်ကို မြင်တွေ့လိုက်ရသည်။

"အဆင်ပြေရဲ့လား?"

"......အာ၊ အဆင်ပြေတယ်။ နည်းနည်းပင်ပန်းနေလို့်"

ယန်ရှယ်က တည်ငြိမ်စွာ ပြောလိုက်​၏။

"မင်းအဲ့ဒီဘက်က ဘယ်လိုလဲ?"

တကယ်တမ်း ဖုန်းဆက်ပါသည်ဆို ဘာများဖြစ်နိုင်ဦးမည်နည်း။ အကယ်၍ ဟန်ရှောင်မိန်သာ မြေပြင်တပ်ဖွဲ့ကနှုတ်ထွက်ပြီး ရုံးအလုပ်လုပ်ဖို့ ဆန္ဒမရှိခဲ့လျှင် သေချာပေါက် ရောက်ချလာမည်သာ။ ယန်ရှယ်သည်လည်း စိတ်နှင့်လူနှင့်မကပ်ဘဲ ပါးစပ်ထဲရှိရာကို ပြီးပြီးရော ပြောလိုက်ခြင်းသာဖြစ်​၏။ သို့သော် ကောင်းဖန့်ချင်မှာမူ အလွန်အမင်းအလေးအနက်ထားပြီး မေးလေသည်။

"ခင်ဗျားအရင်ဆုံးအိမ်ပြန်နားလိုက်ပါဦးလား။ ရှစ်နာရီကျော် ကိုးနာရီလောက်ကားမောင်းလာတာ တော်တော်လဲ ပင်ပန်းနေရောပေါ့။ ဟန်ရှောင်မိန် ခဏနေရင် ရောက်လာမှာပါ။"

ယန်ရှယ်က စိတ်ရှုပ်ထွေးမှုများစွာနှင့် ခေါင်းညိတ်လိုက်ပြီး လူနာဆောင်ပြတင်းကို မနေနိုင်စွာ ထပ်ကြည့်မိလေသည်။

ပုဝေးမှာ ကုတင်ပေါ် ဘောလုံးလေးကဲ့သို့ကွေးကာ လှဲလျောင်းနေပြီဖြစ်၍ ကျောင်ပြင်သေးသေးလေးကိုသာ မြင်ရ​၏။

"တစ်ခုခု မူမမှန်တာသတိထားမိလို့လား အစ်ကိုယန်?"

ကောင်းဖန့်ချင်မှာ နောက်ဆုံးတော့ ပုံမှန်မဟုတ်သည့်အခြေအနေကို သတိပြုမိသွားပြီး မေးကိုအနည်းငယ်မော့ကာ လူနာဆောင်ထဲ မသိမသာ လှမ်းကြည့်လိုက်​၏။

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now