𝚟𝚒𝚍𝚎𝚘 𝚌𝚘𝚕𝚕𝚎𝚌𝚝𝚒𝚘𝚗 (𝚜𝚘𝚗𝚐𝚜,𝚊𝚞𝚍𝚒𝚘 𝚍𝚛𝚊𝚖𝚊 𝚌𝚞𝚝𝚜,𝚎𝚝𝚌...)

2.7K 269 24
                                    

hello hello!
မနက်က cmt တစ်ခုမှာ [crush က အရမ်းထက်မြက်နေတော့ ဒေါင်းမြီးထောင်ပြတာ ဖင်ပြောင်ပဲမြင်ခံရတယ်...] ဆိုပြီး ကိုကိုလေးယန်ရဲ့ အခြေအနေကို ကွင်းကွင်းကွက်ကွက် မန့်ပေးထားတာလေးမြင်တော့ ကျနော် အရင်ကလုပ်ပြီးသိမ်းထားတဲ့ vd လေး တိုက်ဆိုင်လို့တင်ပေးလိုက်ပါတယ်
ယန်ရှယ်က အဲ့ဒီဒေါင်းနဲ့ တူတာမဟုတ်ဘူး၊ အဲ့ဒီဒေါင်းကိုက ယန်ရှယ်ရုပ်ပေါက်နေတာပါ🤣

                                 🦚🦚🦚🦚🦚

The last day of 2021 💥
အကောင်းဘက်ကတွေးရင် ကံဆိုးမိုးမှောင်ကျတဲ့နှစ်ကုန်ပြီပေါ့ဗျာ။ ရှည်ရှည်ဝေးဝေး မပြောတော့ပါဘူး။ ဒီနှစ်အတွင်း Poyunကိုလိုက်ပါစီးမျောပြီး ချစ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နှစ်ကုန်လက်ဆောင်ကတော့ ထင်ထင်ရဲ့ ယန်ကိုယ်တော်လေးကို အိပ်ရာနှိုးခန်းပေါ့ရှင်။ နှစ်သစ်ဆုတောင်းအနေနဲ့ တော်လှန်သောစိတ်တို့အခြေတည်၍ စစ်မှန်သော ပျော်ရွှင်မှုတို့ ဆောင်ကြဉ်းနိုင်ပါရစေ။ အားလုံးပဲ ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။
နောက်နှစ်မှတွေ့မယ် ညော်အန်း~

                                   💥 💥 💥 💥 💥

Merry X'mas 🎄

နာကျင်ခြင်းတွေနဲ့ နိုးထခဲ့ရတဲ့ ဘယ်တော့မှမမေ့တော့မဲ့ X'mas ပေါ့။ အားတင်းထားကြပါ။ ဒီအခြေအနေဆိုးကြီးကလွတ်မြောက်အောင် ကျနော်တို့အကုန် တက်ညီလက်ညီ ရုန်းရမှာပါ။ အမှန်တရားဟာ တစ်နေ့မှာ အောင်ပွဲခံရမှာ အသေအချာပဲမလို့ အားမလျှော့တမ်း ကြိုးစားကြမယ်နော်။ X'mas အတွက်လည်း လက်ဆောင်ပြင်ထားပါတယ်။ (ဒါလေးက Poyun audio drama ကထုတ်ပေးတဲ့ အပိုင်းပိုပိစိလေးပါ၊ မူရင်းဝတ္ထုထဲ မပါပါဘူး)
ယန်ကျန်းCp အိပ်နေတုန်း ဖုန်းလာသောအခါ ယန်ကဲကဲသဲသဲ be like :


🎄🎄🎄🎄🎄

ဒီနေ့ကတန်ဆောင်မုန်းလပြည့်နေ့ဖြစ်တာရော ဒီလက ကျနော့်မွေးလဖြစ်တာရောကြောင့် လက်ဆောင်အနေနဲ့ နောက်ထပ်သီချင်းတစ်ပုဒ်ဘာသာပြန်ပြီး လာပေးတာပါ။ ဒီတစ်ခါတော့ Fan song လေးပေါ့နော်။ နှစ်ကိုယ်တူ ကမ္ပည်းရေးထိုးခြင်း (ပိန်းမင်ထုံခေါ့) ဆိုတဲ့ အဆွေးသီချင်းလေးပါ။ ကျနော် ဝတ္ထုကိုဘာသာပြန်တာ ဆွေးရမဲ့အခန်းတွေမရောက်သေးပေမဲ့ သီချင်းနားထောင်ရုံနဲ့တော့ စပွိုင်လာမိမှာမဟုတ်တာမလို့ စိတ်ချလက်ချနားဆင်ကြပါလို့။ အပိုင်းသက်သက်ခွဲရင် စိတ်အနှောက်အယှက်ဖြစ်မှာစိုးလို့ အရင် Theme song ပြန်ထားတဲ့အပိုင်းထဲပဲရောထည့်လိုက်ပါတယ်။ Poyunရဲ့ နောက်ထပ်သီချင်းတွေကို ဘာသာပြန်ဖြစ်ခဲ့ရင်လည်း ဒီထဲမှာပဲဆန့်သလောက်ထည့်ပေးသွားပါ့မယ်။Poyunကိုအများကြီး ချစ်ပေးကြပါဦးနော်♥️
အားလုံးပဲ တန်ဆောင်တိုင်အခါသမယမှာ အန္တရာယ်ရန်စွယ်အပေါင်းမှ ကင်းဝေးကြပါစေ✨

-----------
Hello Hello
ကျနော် Poyun ရဲ့ audio drama ending song လေးဘာသာပြန်ထားပါတယ်။ သီတင်းကျွတ်လက်ဆောင်လို့သဘောထားလိုက်ပါ ^3^
(နိဖုန်း) - လေဆန် လို့အမည်ရတဲ့သီချင်းလေးပေါ့ ဒီသီချင်းက ဝတ္ထုတစ်ပုဒ်လုံးရဲ့ vibe နဲ့ထပ်တူကျတဲ့သီချင်းလေးဆိုလည်းမမှားပါဘူး
ဒီမှာ ကြည့်မရရင် သို့မဟုတ် ကြည်ကြည်လင်လင်မရှိရင် Youtube ထဲဝင်ပြီးကြည့်လို့ရပါတယ် ကျနော့်ရဲ့ Yt channel name က Triplestsun ပါ ဒီတစ်ပုဒ်ပဲတင်ထားပါသေးတယ်
အားလုံးပဲသီတင်းကျွတ်အခါသမယမှာ ဘေးအန္တရာယ်ရန်စွယ်အပေါင်းမှ ကင်းဝေးကြပါစေ 🎊

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now