အပိုင်း(၆၈)-နောက်ဆုံးတော့ ယန်ရှယ်​၏တစ်ခုတည်းသော အားနည်းချက်ကို ထိုးမိသွားလေပြီ

1.5K 285 27
                                    

ထိုအခိုက်အတန့်တွင် သူမသည် ယန်ရှယ်​၏ တစ်ခုတည်းသော အားနည်းချက်ကို မိသွားချေပြီ!
---------------------------------------------

ယန်ရှယ်သည် ဖုန်းကိုလက်တစ်ဖက်ကကိုင်ရင်း မှုခင်းဆေးဌာနရုံးခန်းထဲမှ ခြေလှမ်းကျဲကြီးများနှင့် ထွက်သွားလေသည်။ ယခုလေးတင် သူ့ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သော မာရှန်မှာလည်း အောက်ထပ်မှုခင်းရေးရာစုံစမ်းစစ်ဆေးရေးဌာနမှ ဒရောသောပါး တက်လာ​၏။

"ဘာဖြစ်လို့လဲ အစ်ကိုယန်၊ ဘယ်ကမှဲ့ကိုပြောနေတာလဲ?"

"ပြန်ပေးသမားက ကွပ်မျက်သူအဖြစ် မိန်းကလေးတွေကိုရွေးတာမဟုတ်ဘူး။ တကယ်တမ်း သူတစ်သမတ်တည်း ရွေးတဲ့ပုံစံရှိပြီးသား။"

ယန်ရှယ်က ညာဘက်လက်မောင်းအစပ်နားရှိ ပုခုံးအောက်ကို တို့ရင်း ပြောလိုက်​၏။

"လီယွီရှင်းရော ပုဝေးရော ညာပုခုံးစပ်နားမှာ မှဲ့နီလေးတစ်လုံးရှိကြတယ်။ ဒါကသူတို့နှစ်ယောက်ကြားမှာ တူတဲ့အချက်ပဲ။ နောက်ပြီး အဲ့ဒီနေရာမျိုးက ကြိုးတစ်ချောင်းဝတ်ဝတ် ပုခုံးကျဝတ်ဝတ် မြင်ရဖို့မလွယ်ဘူး။ဆယ့်ငါး ဆယ့်ခြောက်အရွယ် ကလေးမလေးတွေအနေနဲ့လဲ အဲ့အောက်နားလောက်ထိဖော်တဲ့ အင်္ကျီမျိုးဝတ်စရာအကြောင်းမရှိဘူး။ ဆိုတော့ ပြောရရင် သူတို့ဆီမှာ အဲ့ဒီနေရာမှာ မှဲ့နီတစ်လုံးရှိနေတယ်ဆိုတာ သိနိုင်ဖို့ဆို အဝတ်လဲခန်း၊ အများသုံးရေချိုးခန်းအိမ်သာနဲ့ တခြားမတော်တဆတွေကိုဖယ်ထားလိုက်ရင် မိဘတွေ၊ ညီအစ်မတွေ၊ အခန်းဖော်မိန်းကလေးတွေနဲ့ တအားအနေနီးတဲ့ ရည်းစားတွေကလွဲ ဘယ်သူမှမြင်ဖူးနေမှာမဟုတ်ဘူး။"

မာရှန်မှာ ခဏကြောင်သွားသော်လည်း အတွေ့အကြုံရင့်ပြီးသား မှုခင်းရဲတစ်ဦးပီပီ ခပ်မြန်မြန်ပင် စိတ်ငြိမ်အောင်ပြန်ထိန်းလိုက်သည်။

"ပုဝေးရော လီယွီရှင်းရော ကျောင်းဝန်းထဲမှာ မနေကြဘူး။ ဒါ့အပြင် သူတို့ရဲ့မိန်းမကိုယ်အမြှေးပါးကလဲ ပေါက်ထားတာမျိုးမရှိဘူးလို့ သိရတယ်။ နောက်ပြီး ပုဝေးအတန်းဖော်ရဲ့ ဝန်ခံချက်အရဆို တခြားလိင်မှုကိစ္စနဲ့ပက်သက်တဲ့စည်းတွေလဲ ကျော်ဖူးတဲ့ပုံမရှိလို့ ဖယ်လိုက်လို့ရတယ်။ ဒီပုံအတိုင်းသာဆို ဖြစ်နိုင်ခြေအများဆုံးက မိဘတွေပဲပေါ့?"

《Poyun》ဖော့ယွင် (မြန်မာဘာသာပြန်)Where stories live. Discover now