Part (1)

101K 2.9K 34
                                    

Unicode

* Hello.... *

" Hello ဝေလင်း....အဆင်သင့်ဖြစ်ပြီလား "

* အေး....Flight ticketက ဖြတ်ပြီးပြီကွ...
မင်းအိမ်က ထွက်ဖို့အဆင်ပြေပါ့မလား *

" ရတယ် ရတယ် ငါ့ဘာသာကြည့်ထွက်ခဲ့မယ် "

* ငါလေဆိပ်ကစောင့်နေမယ်နော် *

" Ok မနက် ၇ခွဲ Flightနဲ့မလား "

* အေး... ၇ နာရီရောက်အောင်လာနော် *

" Ok...ok ဒါပဲနော် "

* အေး...အေး *

ဖုန်းချပြီးသည့်နောက် ရှင်းလမင်းပိုင်
တစ်ယောက် Luggage အိတ်ထဲအ၀တ်အစားတွေ စီထည့်လိုက်သည်။
နံရံပေါ်က မိသားစု ဓာတ်ပုံလည်းဖြုတ်ပြီး
အိတ်ထဲထည့်ဖို့ မမေ့...

ရှင်းလမင်းပိုင် က စီးပွားရေးမေဂျာပထမနှစ်ကျောင်းသား။
အမေက ငယ်စဥ်ကတည်းကဆုံးသွားပြီး သူနဲ့ ၈နှစ်သာကွာသည့် မိထွေးနဲ့အတူနေရသည်။

အဖေက သဘာ၀ဓာတ်ငွေ့နှင့်ရေနံလုပ်ငန်းရှင် သူဌေးကြီးဦးရန်ရှင်း.....
တစ်ဦးတည်းသောသားမို့ အဖေဖြစ်သူက စီးပွားရေးလုပ်ခိုင်းချင်ပေမယ့် သူကအနုပညာသာဝါသနာပါသူ...

ဆယ်တန်းဖြေပြီးထဲက ကိုရီးယားသွားဖို့ ပြင်ခဲ့သော်လည်း အဖေကခွင့်မပြုတာရော၊အကြောင်း​အမျိုးမျိုးကြောင့်ပါ မသွားဖြစ်ခဲ့။
ထို့နောက် international online audition တွေလိုက်ဖြေရင်းကနေ ယခု ၁၈ နှစ်ပြည့်တော့ သူငယ်ချင်းဖြစ်သူ ဝေလင်းမောင်ကောင်းမှု​နဲ့ Chinese idolသွားပြိုင်ဖို့ အကြောင်းဖန်လာခဲ့သည်။

ဒီအခွင့်အရေးကိုလက်လွှတ်မခံနိုင်တော့......

သူသွားဖြစ်အောင် သွားရမည်။
အိမ်ကမလွှတ်တာမို့ သူခိုးသွားမည်။
ပတ်စ်ပို့နဲ့ ဗီဇာက အရင်ထဲကရှိတာဆိုတော့
ပူစရာမလို။
အဓိကဖြစ်သော ပိုက်ဆံကိုသာ ဒီရက်ပိုင်း မိထွေးလေးဆီက ကပ်ချွဲပြီး တောင်းထားလိုက်ရသည်။

ကိုရီးယားမသွားရပေမယ့် Chinaဆိုလည်း မဆိုးပါဘူး။
ယခုနောက်ပိုင်း group project တွေနဲ့ debutပေးနေသည်ပဲလေ...
ဘာပဲဖြစ်ဖြစ် Idol ဖြစ်ချင်သည့် သူ့အိမ်မက်လေးကို အကောင်အထည်ဖော်ရမည်သာ...

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now