Part (13)

17K 1.4K 66
                                    

Unicode

" ငပိုင် .... ငပိုင် အီး .. ဟီး "

" ငါမသေဘူးနော် ဝေလင်း "

ကားပေါ်ကဆင်းသည်နှင့် ပြေးဖက်ကာ
ငိုလာသော ဝေလင်းရယ်ပါ ....

" အီး .. ငါတောင်းပန်ပါတယ်ကွာ အီး ... ဟီး "

ရှင်းကို အတင်းဖက်ပြီး ဝေလင်းကတောင်းပန်နေ၏။

သူလုပ်မှ ရှင်းရင်ဘတ်က
ပြန်အောင့်လာသလိုပင် ......

" တအားကြီး မဖက်နဲ့ ဝေလင်းရ ...
ငါ့ရင်ဘတ်အောင့်နေပြီ "

" ဟင် ... ဟုတ်လား .... ငါကန်တာ သာသာလေးပါကွာ အီး ...ဟီး ..."

" အဲ့ပါးစပ်ကိုပိတ်ထားစမ်း !! "

ရိ၀မ်ရဲ့အသံကြောင့် ဝေလင်းငိုသံတွေ
တိခနဲ ရပ်သွားသည်။

သူ့မှာ ရှင်းကိုစိုးရိမ်ဇောနဲ့ နောက်က
ရိ၀မ်လောင်ရှစ်ကို မမြင်မိ .....

သွားခါနီးတုန်းကလည်း ကြိမ်းသွားသေးတာ အီး ... ချင်ကောရေ လင်းရန်လေး
အမွှေးနှုတ်ခံရတော့မှာလား မသိဘူး .....

လာကယ်ပါဦး အီး ... ဟီး ......

စိတ်ထဲတွင် ချင်ကောတပြီး ရင်ကွဲအောင်အော်ငိုနေပေမယ့် အပြင်မှာတော့
လှုပ်တောင်မလှုပ်ရဲပါ .......

" ယွင်ရှင်း ... "

" ဟုတ်ကဲ့ လောင်ရှစ် "

" အထဲ၀င် "

" ဟမ် "

" အထဲကို၀င် !! "

" သြော် ... ဟုတ်.. ဟုတ်ကဲ့ "

ရှင်း ခပ်ကြောက်ကြောက်နဲ့ပဲ အဆောက်အအုံထဲ၀င်လိုက်ရသည်။

ရိ၀မ်လောင်ရှစ်ကလည်း ဆေးထုတ်ကိုင်ကာ
ထပ်ကြပ်မကွာ လိုက်လာ၏။

" Room No. 45 ကိုသွား "

" ဟုတ် ... ကဲ့ "

ရှင်းလည်း သူပြောတဲ့အတိုင်း
Room No. 45 ဘက်ကိုသွားပြီး
အထဲ၀င်လိုက်သည်။

ရိ၀မ်လောင်ရှစ်က လိုက်နေတုန်းပဲ ....

ဘာတုန်း ဒီလူကြီးက ......

အထဲရောက်တော့ သူတို့ကလွဲပြီး
ဘယ်သူမှရှိမနေ .......

" အင်္ကျီလှန်လိုက် "

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now