Part(3)

25K 1.9K 40
                                    

Unicode

ပေကျင်းလေဆိပ်ကို ဆင်းတော့ နှစ်ယောက်သား ကြောင်​တောင်တောင်လေးတွေရယ်.....

တရုတ်စကားသင်ထားကြသည်ဆိုသော်လည်း တရုတ်လူမျိုးတွေနှင့်
ပြိုင်ပြောနိုင်သည်အထိတော့
မကျွမ်းကျင်ကြပါ .....

လေဆိပ်မှာ ယောင်လည်လည်လေးတွေဖြစ်နေရင်းမှ ဝေလင်းက စကားစလိုက်သည်။

" ငပိုင် တို့သွားရမယ့် entertainmentကို ဆက်သွယ်ကြည့်ရအောင် သူတို့လာခေါ်ရင်ခေါ်လောက်တယ် "

" ဟုတ်သားပဲ...မေ့နေတာ ငါဖုန်းခေါ်လိုက်မယ် "

ပြောပြောဆိုဆိုနဲ့ Silent လုပ်ထားသော
ဖုန်းကို ဖွင့်လိုက်သည်။

အိမ်ဖုန်းနဲ့အတူ ဖေဖေနဲ့မေမေလေးတို့ဆီက
ဖုန်းကောလ်များ မက်ဆေ့များက စီတန်းလို့....

" ငါ့အိမ်က ဖုန်းတွေခေါ်ထားတာပဲ "

" ငါအိမ်ကကောပဲ "

ဝေလင်းကလည်း သူ့ဖုန်းကိုကြည့်ရင်း
ပြောလာ၏။

" ငါခေါ်လိုက်ပြီနော် ဝေလင်း "

" အေး...ခေါ်လေ "

ရှင်းကို Entertainment က ပေးထားသော ဖုန်းနံပါတ်အား ရိုက်ပြီး ခေါ်ဆိုလိုက်သည်။

လိုင်းပျောက်နေသော ဆင်းကဒ်တွေကိုတော့ နှစ်ယောက်လုံး သတိမထားမိကြ။

ဖုန်းကမ၀င်ပဲ တီ တီ ဆိုပြီးပြတ်ကျသွားသည်။

၂ခါ ၃ခါ ဆက်ခေါ်သော်လည်းမရ....

" ခေါ်လို့လည်း မရဘူးရော်...... "

ဖုန်းကိုကြည့်ရင်း ရှင်းမျက်နှာ ငိုတော့မလို မျက်ရည်တွေ ၀ဲတက်လာ၏။

" ငါ...ငါ ခေါ်ကြည့်မယ် ..... "

ဝေလင်းက ရှင်းဖုန်းထဲမှ entertainmentရဲ့ နံပါတ်ကိုယူပြီး သူ့ဖုန်းနှင့်ခေါ်ကြည့်လိုက်သည်။

သူ့ဖုန်းနဲ့ခေါ်သော်လည်းမရ.....

ရှင်းခေါ်တုန်းကလိုပဲ ဖြစ်နေသည်မို့ သူပါမျက်ရည်တွေ၀ဲလာပြီ.....

" ငါတို့ ဘယ်လိုလုပ်ကြမလဲ  ဟင့်..... "

ရှင်းစကားအဆုံးတွင် ရှိုက်သံပါ ပါလာခဲ့သည်။

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now