Part (16)

16.5K 1.4K 68
                                    

Unicode

" အွန့် !! "

နှုတ်ခမ်းသားပေါ်ကျလာတဲ့ ပူနွေးနွေး
နူးညံ့ညံ့အထိအတွေ့ကြောင့် ရှင်းမျက်လုံးပြူးသွားသည်။

ရိ၀မ်လောင်ရှစ်က သူ့ပါးနှစ်ဖက်ကို
လက်၀ါးနဲ့အုပ်ကိုင်ကာ နမ်းရှိုက်နေခြင်း ........

ဒါ .... ဒါဘယ်လို အခြေအနေကြီးလဲ !!!

" ၀ိုး ... "

" မင်းသားကျန်းရိ၀မ် မဟုတ်လား အဲ့တာ "

" အယ် .... "

ဘေးက လူတွေဆီက မှတ်ချက်ပေါင်းစုံကြားရပြီးနောက် ရိ၀မ်အသိပြန်၀င်လာသည်။

သူအခုဘာတွေလုပ်မိနေတာလဲ ...... ?

နူးအိတဲ့ နှုတ်ခမ်းသားတစ်စုံကို လွှတ်ပေးပြီးတဲ့နောက် ကောင်လေးရဲ့ မျက်၀န်းထဲက
မျက်ရည်စတစ်ချို့ကို တွေ့လိုက်ရ၏။

သူ့ကိုစူးစိုက်ကြည့်နေတဲ့
ကောင်လေး အကြည့်တွေကလည်း
ရွံရှာနေသယောင်ယောင် .....

" မ ... မ ဟုတ်ဘူး ... မဟုတ် ဘူး !!! "

သူရည်ရွယ်တာ အဲ့လိုမဟုတ်ဘူး .......

ယွင်ရှင်းလေးကို ရှင်းပြဖို့ရှေ့တိုးမိပေမယ့်
သူတစ်လှမ်း,လှမ်းတာနဲ့ ကလေးက
မျက်ရည်တွေနဲ့ တစ်လှမ်းဆုတ်သွားသည်။

နောက်ဆုံးကလေးက ချောက်ချွမ်ကို
ဖက်ကာ ရှိုက်ကြီးတငင်ငိုလေတော့သည်။

သူ့ရင်ထဲပြည့်နေသော်လည်း ဘာစကားမှ
ထွက်နိုင်စွမ်းမရှိတော့ .....

ဒီမြင်ကွင်းက သူ့ကိုအခါခါသတ်သည်။

အကြိမ်ကြိမ်သေစေသည်။

ပူလောင်ခြင်း၊ရင်ကွဲခြင်းဆိုတာကို
ပထမဆုံးအကြိမ်ခံစားဖူးပြီ .........

ကောင်လေးကို ချောက်ချွမ်ရင်ခွင်ထဲ
ငိုနေတာတွေ့ပြီးတဲ့နောက်မှာ
သူကားပေါ်တက်ပြီး
ကားကို တရကြမ်း မောင်းထွက်လာခဲ့သည်။

လူရှင်းလောက်မယ့်နေရာရောက်သော်
ကားကို ရပ်လိုက်ပြီး ပါးပါးဆီ
ဖုန်းခေါ်လိုက်သည်။

* Hello သားငယ် .... ပါးပါးဘာရှင်းပေးရမလဲ *

ပါးပါးရဲ့စကားအသွားအလာက
အခုကိစ္စကို သိပြီးနေသည့် သဘောပင် ......

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now