Part (22)

17.9K 1.4K 98
                                    

Unicode

Ring ~ ~ ring ~ ~ ~

ရိ၀မ်ထမင်းစားခန်းထဲမှာ
ကလေးငယ်အတွက်
စားစရာပြင်ဆင်နေတုန်း
ဖုန်းသံမြည်လာတာကြောင့် လှမ်းယူကာ
နံပါတ်ကိုမကြည့်ပဲ ကိုင်လိုက်မိသည်။

" Hello "

* ရိ၀မ် ... ယွင်ရှင်းက မင်းဆီမှာလား ... *

ချောက်ချွမ်ရဲ့အသံကြောင့် ဖုန်းနံပါတ်ကို
ပြန်ကြည့်မိသည်။

ချောက်ချွမ်ရဲ့ ဖုန်းသေချာသည်မို့
ဘာမှမပြောပဲ ဖုန်းကို ချပစ်မိသည်။

သူမေးတိုင်းလိုက်ဖြေနေရအောင် ရိ၀မ်ကို
ဘာများအောင့်မေ့နေလဲ .......

နှစ်ခါလောက် အဆက်မပြတ်ခေါ်ပြီးတဲ့နောက်ထပ်ဖုန်းထပ်၀င်လာခြင်းမရှိတော့။

ရိ၀မ်လည်း ပြင်ဆင်ပြီးသွားပြီမို့
နာရီကို ကြည့်မိတော့ ည ၈နာရီ ....

စားသောက်စရာတွေကို
အိမ်ကလူတွေနဲ့ ခဏထားခဲ့ပြီး
သူ့အခန်းထဲဝင်ကာ
ရေအရင်ချိုးလိုက်သည်။

ပြီးနောက် အဝတ်အစားလဲပြီး
ပြန်ထွက်လာလိုက်သည်။

" ဒါတွေအပေါ်ထပ်ကို သယ်ခဲ့ပေး ... "

အနားမှာရပ်နေတဲ့ Staff တွေကို
ဝိုင်ပုလင်းနဲ့ သေချာပြင်ဆင်ထားတဲ့
စားစရာတွေကို သယ်လာခိုင်းလိုက်သည်။

ဒီညတော့ သောက်ပြီးကလေးငယ်နဲ့
အပြတ်ကဲပစ်ရမယ် ......

အပြီအပြင်တွေးကာ ကလေးငယ်ရှိတဲ့
အခန်းကိုဝင်ခဲ့တော့ ကလေးငယ်က
ပြတင်းပေါက်နားမှာ ခွေခွေလေးအိပ်နေ၏။

" စားပွဲ​ပေါ် တင်ခဲ့လိုက် .... "

" ဟုတ်ကဲ့ပါ Boss "

Staffတွေကို ပြောပြီး Aircon control ယူကာ အအေးနည်းနည်းတင်လိုက်သည်။

ကလေးလေးက အအေးကြိုက်တာနေမှာ ....

အဲ့ကြောင့် ပြတင်းပေါက်နားသွားအိပ်နေတာ။

သူ့အတွေးနဲ့သူ Control ကိုချပြီး
ကလေးငယ်ဆီ လှမ်းသွားမိသည်။

နဖူးလေးကို စမ်းကြည့်မိတော့
ပုံမှန်အတိုင်း နွေးနွေးလေးပဲရှိနေသည်။

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now