Part (26)

16K 1.3K 35
                                    

Unicode

" ယွင်ရှင်းရေ ..... ကိုယ်လာတယ် "

တံခါး၀ကနေ ပေါ်လာတဲ့ အရိပ်တစ်ခု ....

လာပြန်ပြီ နောက်တစ်ယောက် .....

" သြော် ... ရိ၀မ်လည်းရောက်နေတာကိုး "

ချောက်လောင်ရှစ်က လက်ထဲကအထုပ်တွေကို စားပွဲပေါ်ချရင်း ရှင်းဘေး၀င်ထိုင်သည်။

ရိ၀မ်ကတော့ ၀တ်ကျေတန်းကျေ
ပြုံးပြလိုက်သည်။

" ဘယ်က လမ်းကြုံ၀င်လာတာလဲ
ချောက်လောင်ရှစ် .... "

" ဘယ်မှ လမ်းမကြုံပါဘူး .....
ယွင်ရှင်းဆီ တည့်တည့်လာတာ ...
ဒါနဲ့ကိုယ့်ကို
ချောက်လောင်ရှစ်လို့ မခေါ်နဲ့တော့ ...
ရင်းရင်းနှီးနှီး ကောလို့ပဲခေါ် ... "

ဘာလဲဟ ...

သူတစ်ယောက်လုံးရှိနေတာတောင်
အရေးမစိုက်တဲ့ပုံစံနဲ့ .....

ရိ၀မ်စိတ်ထဲ ချောက်ချွမ်ကို
နည်းနည်းချဥ်လာသည်။

" အယ် ... ဖြစ်ပါ့မလား ...
အဲ့လိုတော့မခေါ်တတ်ဘူး ...
ချောက်ချွမ်ကော ဆိုရင်ရော ... "

" ဟင့်အင်း ... စိမ်းသလို ခံစားရတယ် "

တော်တော်ကြီးကို ချဥ်သွားပါပြီ .....

ဘယ်လိုတောင် သူများရဲ့ အပိုင်ကို
ကြောင်တောင်လာနှိုက်နေတာလဲ .......

" ချောက်ကောလိုပဲခေါ်တော့မယ် ....
ကျန်တာ အဆင်မပြေလို့ "

" ok ok ....
ဒါနဲ့ကိုယ့်ကို အဖြေမပေးသေးဘူးလား "

" ဟင် ... "

ရိ၀မ် သည်းမခံနိုင်တော့ .....

ချောက်ချွမ်တော်တော်တရားလွန်နေပြီမလား ...

ဒီစကားဆိုတာ လူရှေ့သူရှေ့ မပြောသင့်တဲ့စကား .....

အနည်းဆုံး ရှင်းလေးသိက္ခာကို
ထည့်တွက်မယ်ဆိုရင်ပေါ့ ......

" အချိန်ထပ်ယူဦးမလို့လား "

" ကျ ... ကျနော် ... "

" အင်း ...ရတယ် ကိုယ်စောင့်နိုင်တယ် "

" အာ .... ဟုတ်ကဲ့ "

ရှင်း ၀တ်ကျေတန်းကျေသာပြန်ဖြေမိသည်။

ငြင်းလိုက်လို့ရပေမယ့် မှုန်သုန်နေတဲ့
ရိ၀မ်လောင်ရှစ် သ၀န်တိုစေရန်
တမင် အပြတ်မငြင်းလိုက်ခြင်းပင် ....

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now