Part ( 10)

19.2K 2.2K 81
                                    

Unicode

ရိ၀မ်ရဲ့လေ့ကျင့်ပေးချိန်ကုန်တော့
(၁၁ ) နာရီပင်ထိုးလုပြီ ......

သူပြန်လာမည့် ည၈နာရီတွင်
ယခုကကွက်များ ပြန်ကပြရမည် ဖြစ်ကြောင်း အသိပေးပြီး ထိုအခန်းထဲက ထွက်ခဲ့လိုက်သည်။

သူ့အပြင်ထွက်ခါနီး ၀င်းပလာတဲ့
ကောင်လေးရဲ့မျက်နှာကိုလည်း
မျက်လုံးထဲစွဲနေ၏။

ကြောက်နေရင် အသည်းယားဖို့ကောင်းသလို
ကြိတ်ပျော်နေရင်လည်း ချစ်စရာလေး ....

ဒီကောင်လေးနဲ့တော့ ဘယ်လိုလုပ်ရပါ့မလဲ ....

" Boss၀မ် .... အိမ်တန်းပြန်မှာလား "

ရိ၀မ်ရဲ့ staffက မေးသည်။

" နားနေခန်းထဲကစောင့်မယ် ......
ချောက်ချွမ် ရှိလား၊ဘယ်သွားလဲ ဆိုတာစုံစမ်းခဲ့ ..... "

" ဟုတ်ကဲ့ "

staff ထွက်သွားတော့ ရိ၀မ်နားနေခန်းထဲ
၀င်ခဲ့လိုက်သည်။

နားနေခန်းထဲတွင် နဲ့ကော ရှိနေ၏။

" ဟာ ... ရိ၀မ် လာလေ "

" ဟုတ်ကဲ့ .... "

" ထိုင် ... ဒီမှာ "

သူပုတ်ပြသော ခုံပေါ်တွင် ရိ၀မ်၀င်ထိုင်လိုက်သည်။

" ဒီမှာ ထမင်းစားမှာလား "

" ပြန်မှာ နဲ့ကော "

" သြော် .... ဒါနဲ့ ဟိုကလေးကအဆင်ပြေရဲ့လား .....
မင်းရဲ့teamထဲမှာနော် "

ယွင်ရှင်းကို ဦးတည်၍မေးလိုက်ခြင်းပင်။

" ပြေပါတယ် .... နည်းနည်းကြောက်တတ်တာကလွဲရင် သင်လွယ်တတ်လွယ်ပါတယ် "

" အဲ့တာဆိုရင်တော့ ကောင်းသားပဲ .....
ငါလည်း နေ့လည်သူတို့အဖွဲ့ကို
လေ့ကျင့်ပေးရမှာ .... "

" ဂရုစိုက်ပေးပါဦး ...
vocalသမားဆိုတော့ rapကို
ထင်သလောက်ရမယ်မထင်ဘူး "

" ဟား .... အေးပါကွာ "

နဲ့​ကောနှင့် စကားပြောနေတုန်း staff ပြန်ရောက်လာ၏။

" Boss၀မ် .... "

" အပြင်ကစောင့်နေ ... လာခဲ့မယ် "

" ဟုတ်ကဲ့ boss "

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now