Part (19)

15.9K 1.3K 59
                                    

Unicode

" ဟိုမှာ လာနေပြီ .... ငါရှောင်ပေးမယ် "

" ကျေးဇူးပဲ သူငယ်ချင်းရာ "

" အေး ... အဆင်ပြေအောင်ကြိုးစား "

" ok "

ရိ၀မ် ထွက်သွားပြီးနောက် ၀င်လာတဲ့
ကလေးမျက်နှာက ခပ်နွမ်းနွမ်းရယ် .......

" လင်းရန်လေး လာထိုင် "

" ဟုတ်ကဲ့ "

" နေမကောင်းဘူးလား ...
မျက်နှာလည်းမကောင်းဘူး "

" ကောင်း ... ကောင်းပါတယ် "

ချင်ကောလက်က ဝေလင်းနဖူးပေါ်ရောက်လာတာမို့ ရှောင်ချိန်မရလိုက် ......

" ကိုယ်ကနွေးနေတယ် ...
နေရထိုင်ရမသက်သာတာမျိုးရှိလား "

" ဟင့်အင်း "

" တစ်ခုခုစားချင်စိတ်ရော "

" ဟင့်အင်း "

ဘာမေးမေးခေါင်းခါနေသော
ကလေးလေးကြောင့် စိတ်မကောင်းဖြစ်နေမှန်း လုံချင်သိလိုက်သည်။

" ကိုယ့်ကို စိတ်ဆိုးနေတာလား "

" မဆိုးရဲပါဘူး ...
ကိုယ့်အလုပ်ရှင်ကို စိတ်ဆိုးရဲတဲ့အထိ
ကျနော် သတ္တိမရှိဘူး "

" လင်းရန်လေး .... "

" ....... "

" ကိုယ်တောင်းပန်ပါတယ်ကွာ ....
ကိုယ်အလုပ်ကိစ္စအရေးတကြီး သွားရလို့
မနေ့က မလာနိုင်တာပါ ....
ကိုယ့်ကို ခွင့်လွှတ်ပါ "

" ကျနော့ကို တောင်းပန်စရာမလိုပါဘူး .....
ကျနော်တို့က ဘာမှ မသက်ဆိုင်တဲ့သူတွေမို့
ကတိမတည်တာ အပြစ်မဟုတ်ပါဘူး "

ခေါင်းလေးငုံ့ကာရယ် တိုးလျလျလေးပြောလာတော့ အပြစ်ရှိသူလို သူ့ရင်ထဲ
ဗျာများလာရသည်။

" ကလေး "

မထူးပေမယ့် မော့လည်းကြည့်မလာ .......

ဒီလူ ရင်နာစေဖို့ တမင်များ
ရည်ရွယ်လေသလား ........

" ဟင့် ... လွှတ် "

အနားတိုးကာ ရင်ခွင်ထဲထည့်မိတော့
အတင်းရုန်းကန်လာသည်။

" တောင်းပန်ပါတယ် ကလေးရယ် .....
ကိုယ်တကယ် တောင်းပန်ပါတယ် "

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now