Unicode
sec stageမှာ ရှင်းနဲ့ဝေလင်းတို့fan တွေအများအပြားလာရောက်ကြသည်။
ဝေလင်း လုံချင်ကို လိုက်ရှာနေမိသော်လည်းအရိပ်နှင့်တူတာပင်မတွေ့ ......
သူတို့အဖွဲ့performနေစဥ်တစ်လျှောက်လုံး
fanများကြားထဲ လုံချင်ကိုတွေ့မလားဆိုတဲ့
စိတ်နဲ့လိုက်ရှာရင်း သူကိုယ်တိုင်ပင်
သတိမထားမိအောင် အလွဲတွေလုပ်နေမိသည်။stageနောက်ကွယ်က ရှင်းဟာ
ဖန်သားပြင်ထက်က ဝေလင်းကိုကြည့်ပြီး အတော်စိုးရိမ်နေသည်။အမြဲတစေတောက်ပနေတတ်တဲ့ မျက်၀န်း
တွေဟာ ဖျော့တော့နေပြီး လှုပ်ရှားမှုတိုင်းက
အသက်မပါ .........စိတ်၀င်စားမှုမရှိတာ သိသာလွန်းနေသည်။
ရှင်းလျှပ်တပြတ်ရိ၀မ်ကိုလှမ်းကြည့်မိသည်။
တွန့်ချိုးနေတဲ့ မျက်ခုံးတစ်စုံက အလိုမကျကြောင်းပေါ်လွင်နေသည်။
တည်တင်းကာ သုံမှုန်နေတာတောင်
ချောမောမှုက ရူးခါစေလောက်သည်။Fanတွေမပြောနဲ့ မိမိလိုလူကိုတောင်
အကြည့်မခွါစေနိုင်သည်အထိ
ရိ၀မ်လောင်ရှစ်က ဆွဲဆောင်လွန်းလှသည်။ရိ၀မ်လောင်ရှစ်ဘေးတွင်ထိုင်နေသည်က
ယွီကျဲ ......စကားလှည့်ပြောနေပုံက တခြားသူတွေထက်
ပိုရင်းနှီးနေကြောင်း ဖော်ပြနေသလိုပင် ......မဆီမဆိုင် ရိ၀မ်လောင်ရှစ်နဲ့ ယွီလောင်ရှစ်သိပ်လိုက်ဖက်ကြောင်း တွေးမိတော့
ရှင်းနှလုံးသားလေး နာကျင်ရသည်။တစ်ချိန်ချိန်မှာဆိုင်သူရှိသွားမှာ
သဘာ၀ဆိုသော်ငြား
ရှင်းကတော့ လက်မခံချင်ပါ ........ရိ၀မ်လောင်ရှစ်ကို ဒီတိုင်းလေးပဲ
ရှိနေစေချင်သည်။အသက်သုံးဆယ်နားကပ်သည်အထိ
လူပျိုကြီးလုပ်လာပြီးမှ မိန်းမတော့
မယူလောက်ဘူးမလား ......ရိ၀မ်လောင်ရှစ်က ဟိုင်းနေပြီဆိုတော့
သေချာပေါက် ရာဂ စိတ်တွေရှိမှာ
မဟုတ်တော့ဘူး .......တစ်သက်လုံး လူပျိုကြီးလုပ်ဖို့
သေချာနေလောက်ပြီ ........လိုရာဆွဲတွေးကျန်းမာရေးလုပ်လိုက်တော့
ရှင်းပီတိဖြစ်သွားရသည်။

ВЫ ЧИТАЕТЕ
The Romance of Two Stars 🚨🚨🚨 ( Complete)
Любовные романыChina ရဲ့ နာမည်ကြီးအဆိုတော်မင်းသားတစ်လက်နဲ့ မြန်မာနိုင်ငံကနေ china idolသွားပြိုင်တဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေး A Love Story between Chinese Super Star and The China Idol's Trainee Boy from Myanmar .