Part (28)

14.7K 1.1K 41
                                    

Unicode

ရိ၀မ်မျှော်လင့်နေသော ဇာတ်ညွှန်းဖတ်ပွဲသည် နောက်နှစ်ပတ်အကြာတွင်စတင်၏။

ထိုအချိန်မတိုင်ခင် ရိ၀မ်ဟာ ဘယ်ဇာတ်ကားမှ
လက်ခံခြင်းမရှိပဲ ပွဲတက်လိုက်၊​ကြော်ငြာရိုက်လိုက်နှင့်သာ အချိန်ကုန်နေခဲ့သည်။

မန်နေဂျာက အစပိုင်းတွင် ဇာတ်ကားသစ်များ ထပ်လက်ခံဖို့ တိုက်တွန်းသော်လည်း
ရိ၀မ်ရဲ့ ခေါင်းမာမှုကြောင့် ဆက်မပြောတော့ချေ။

ဒီလိုနှင့် ဇာတ်ညွှန်းဖတ်ပွဲသို့ရောက်လာ၏။

" မင်းသား ကျန်းရိ၀မ်လာပြီဟေ့ ...
ခုံတွေ အအေးတွေပြင်ထားလား "

" ဟုတ်ကဲ့ ဒါရိုက်တာ ... အဆင်သင့်ဖြစ်ပါပြီ "

" ရိ၀မ် လာ ... ဒီဘက်မှာ "

လင်းကော ဦးဆောင်တဲ့အခန်းဘက်ကို
ရိ၀မ်ရော မန်နေဂျာပါ လိုက်သွားကြသည်။

အစည်းအဝေးခန်းပုံစံမျိုး နေရာချထားတဲ့
ဟိုတယ်ခန်းအတွင်း ရောက်ရှိနေတဲ့ သရုပ်ဆောင်တွေက မနည်းမနောပင် ....

အသစ်တွေရော ရိ၀မ်ရင်းနှီးတဲ့သူတွေပါ
ပါပုံထောက်ရင် လင်းကောက Budgetအများကြီးသုံးထားပုံပဲ .......

ရိ၀မ်၀င်လာတော့ အားလုံးက မတ်တပ်ရပ်ကာ နှုတ်ဆက်ကြသည်။

နာမည်ကြီးတစ်ယောက်အနေနဲ့အားကျမှု
စီနီယာတစ်ယောက်အနေနဲ့ လေးစားမှုတို့က
သူတို့မျက်နှာမှာ အထင်းသား ......

အားလုံးကို ၀တ်ကျေတန်းကျေပြန်နှုတ်ဆက်ပြီး အခုထိမတွေမိသေးတဲ့ ကလေးငယ်ကို
ဝေ့၀ဲကာရှာမိသည်။
မတွေ့ .....

ရိ၀မ် သူ့အတွက်ထားပေးတဲ့ Main lead
နေရာမှာ ၀င်ထိုင်လိုက်သည်။

သူ့ညာဘေးကနေရာနဲ့ ဘယ်ဘက်ဘေးက
နှစ်ခုံကလွတ်နေဆဲ ......

လင်းကောက ထိပ်ဆုံးခုံမှာ ၀င်ထိုင်သည်။

" လင်းကော သရုပ်ဆောင်တွေက
ဒါအကုန်ပဲလား ..... "

" မဟုတ်ဘူး ကျန်သေးတယ် ...
ချောက်ချွမ်နဲ့
TGMက ကောင်လေးနှစ်ယောက် "

" သြော် .... "

" ဟိုဘက်နားက ဆူရှီဆိုင်သွားကြတာ ...
ဖုန်းဆက်လိုက်မယ် "

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now