Unicode
တင်း ~ ~ ~ ~ တင်း ~ ~ ~ ~ ~
၆နာရီ ကွက်တိမှာ ထမြည်လာတဲ့ Alarmသံကြောင့် ရှင်း ထပြီးမျက်နှာသစ်လိုက်သည်။
ညအိပ်၀တ်စုံကို စပို့စ်ရှပ်အဖြူနဲ့ဒူးလောက်ရောက်သော အနက်ရောင်ဘောင်းဘီဖြင့် လဲလှယ်၀တ်ဆင်လိုက်သည်။
ထို့နောက် မျက်နှာသုတ် ပုဝါအပန်းရောင်လေးယူကာ အခန်းထဲကထွက်လာခဲ့သည်။
အကြောင်းပြချက်က လမ်းလျှောက်ရင်း အားကစားသွားလုပ်မည်ဟူ၍။
" ဟော...သား လမ်းသွားလျှောက်မလို့လား "
ဧည့်ခန်းထဲတွင် ဒေါ်ယုယနှင့်ပက်ပင်းတိုးသည်။
ဒါလည်းမဆိုး......မုန့်ဖိုးထပ်တောင်းသွားလို့ရသည်ပဲလေ။" ဟုတ် မေမေလေး ... သားကိုမုန့်ဖိုးထပ်ပေးပါဦး...သားမုန့်၀ယ်စားချင်လို့ "
" ဟင်...သားကဘာစားချင်လို့လဲ။မေမေလေးကိုပြောလေ မေမေလေး၀ယ်ပေးမှာပေါ့ "
" ဟို... သားကလမ်းမှာတွေ့တာလေးတွေစားချင်လို့ပါ....အိမ်ကမုန့်တွေက အီနေလို့ ဟီး.... "
" ဖြစ်ရမယ် သားကတော့..... "
" ဟီး...... "
ရှင်း သွားအဖြဲသားနဲ့မျက်နှာချိုသွေးလိုက်သည်။
ယုယမှာ လင်ပါသားဖြစ်သူရှင်းလေးကိုချစ်မ၀။
အသက်သိပ်မကွာပေမယ့် ရည်မှန်းချက်ကြီးပြီး ချစ်စရာကောင်းသည့် ဒီခလေးကို သားလေးတစ်ယောက်လို တွယ်တာမိသည်။
အခုလည်း ဘာကြောင့်မုန့်ဖိုးကပ်တောင်းနေသည်ကို သေချာမသိပေမယ့် အကြောင်းတစ်ခုခုရှိမည်ဆိုတာတော့ သူမရိပ်မိပါသည်။
သို့သော် မသိချင်ယောင်သာဆောင်ပေးလိုက်သည်။
ဝါသနာပါရာလုပ်ရခြင်းကသာ အသက်ရှင်ရခြင်း၏ အကောင်းဆုံးသော အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု..........
ဒါကြောင့်မို့ ရှင်းလေးရဲ့ ပျော်ရွှင်မှုကို သူမ
မဖျက်စီးချင်။ထိုအစား တတ်နိုင်သမျှ အကောင်းဆုံးသော အထောက်အပံ့ကိုသာ ပေးချင်မိသည်။

ВЫ ЧИТАЕТЕ
The Romance of Two Stars 🚨🚨🚨 ( Complete)
Любовные романыChina ရဲ့ နာမည်ကြီးအဆိုတော်မင်းသားတစ်လက်နဲ့ မြန်မာနိုင်ငံကနေ china idolသွားပြိုင်တဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေး A Love Story between Chinese Super Star and The China Idol's Trainee Boy from Myanmar .