Part (9)

18.5K 1.6K 53
                                    

Unicode

Vocal battle ဆိုင်ပြီးတဲ့ အခါ ရှင်းက Trainee vote (74 ) ခုဖြင့် A classကို
အဆင့် ၇ နေရာကနေ တန်းလန်းတန်းလန်းနဲ့ပါသွားခဲ့သည်။

ရှင်းတို့အိပ်ခန်းထဲ ကိုယ်စီပြန်ရောက်တော့
ည ၁ နာရီတောင် ထိုးခါနီးနေပြီ။

မနက်ဖြန်လေ့ကျင့်ရေးက အစောသွားရမှာမို့ တခါထဲရေချိုးထားလိုက်သည်။

ဝေလင်းက ထမင်းစားခန်းထဲ စားစရာသွားရှာနေသည်မို့ ပြန်မရောက်သေး .......
အခြားသူတွေနှင့် လေဖုတ်နေပြီနေမှာ .....

မိမိကုတင်ထက် အိပ်ယာမခင်းခင် ကုတင်အောက်က Lagguageအိတ်ကို ဆွဲတင်လိုက်သည်။

ငါးယောက်တစ်ခန်းကို အခန်းကျဥ်းလေးပေးထားတာမို့ ကုတင်တွေနဲ့တင်ပြည့်နေပြီး
ကိုယ့်ပစ္စည်းကို ကိုယ့်ကုတင်အောက်မှာသာ
ထားကြရသည်။

Lagguage အိတ်ကို ဖွင့်လိုက်တော့
ပထမဆုံးထွက်ကြလာတာက မိသားစုဓာတ်ပုံလေး .....

မေမေ မဆုံးခင် သူ ၃ နှစ်အရွယ်လောက်ကဖေဖေရယ် မေမေရယ် သူရယ် အတူရိုက်ထားတဲ့ပုံလေးဖြစ်သည်။

ထိုပုံလေးရဲ့နောက်မှာတော့ သူဆယ်တန်းဂုဏ်ထူးထွက်တော့ ဆုယူတုန်းက ဖေဖေနဲ့မေမေလေးနဲ့ သူနဲ့ အတူရိုက်ထားတဲ့ပုံ.....

ဘယ်လိုပဲဖြစ်ဖြစ် နှစ်ပုံလုံးက သူ့အတွက်အရေးပါသည်။

မေမေလေးက မိထွေးဆိုပေမယ့် သူ့အပေါ်
သားအရင်းလို ဂရုစိုက်တာပဲ သူ့အနေနဲ့
မကြည်ဖြူစရာမရှိပါ ......

ဓာတ်ပုံ၂ပုံကို ကုတင်ခေါင်းရင်းမှာထောင်ထားလိုက်ပြီး မနက်၀တ်မယ့်
အ၀တ်အစားကို ထုတ်လိုက်သည်။

ခေါင်းစွပ်လက်ရှည်အဖြူနှင့်
ဘောင်းဘီရှည် အမည်းရောင် ....

ပြီးတော့ ပေကျင်းက ၀ယ်လာတဲ့  အဖြူရောင် Sneaker အကြီးကြီးရယ် .....

ဒါပါပဲ .....
show က ထုတ်ပေးတဲ့
တီရှပ်အပြာလေးကတော့
အပေါ်က ထပ်၀တ်ရမည်။

အ၀တ်တွေထုတ်ပြီးတော့ ချိတ်နဲ့ချိတ်ရင်း
အ၀တ်တန်းမှာသွားချိတ်ထားလိုက်သည်။

မနက်ကျရင် အလွယ်တကူ
၀တ်လို့ရအောင်လို့ ...

အားလုံးပြီးပြီဆိုတော့ အိတ်ကိုအောက်ပြန်ချပြီး အိပ်ယာကို သေချာပြန်ဖြန့်သည်။

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now