Part (17)

15.8K 1.4K 70
                                    

Unicode

နောက်နေ့မနက်တွင် မနေ့ညက
ရှင်း၊ဝေလင်းနဲ့ ချောက်ချွမ်တို့ ပန်းခြံထဲတွင် ထိုင်နေသည့်ပုံ အင်တာနက်ပေါ်ရောက်လာခဲ့သည်။

ထိုတင်မက ချောက်ချွမ်က
ရှင်းကို ကုတ်အင်္ကျီခြုံပေးတဲ့ပုံပါ ပါလာရာ ရှင်းနဲ့ချောက်ချွမ်တွဲနေပြီလားဆိုသည့်သတင်းကပါဂယက်သဖွယ်ထလာတော့သည်။

ထိုသတင်းကိုမြင်မြင်ချင်း ရိ၀မ် သူ့ပါးပါးဆီချက်ချင်းဖုန်းဆက်သည်။

* hello ... သားငယ် *

" ပါးပါး .... အင်တာနက်ပေါ်က ဘာတွေလဲ "

* ဟမ် *

ကျန်းသခင်ကြီးမှာ အလုပ်လုပ်နေရင်း
ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

* ဘာဖြစ်လို့လဲ ... သားငယ်ရဲ့ *

" အင်တာနက်ပေါ်မှာသတင်းတွေ ပျံ့နေပြီလေ .....
ပါးပါးကို ယုံမိတာ သားမှားတာပဲ "

* ဟမ် ... hello ... hello *

ဒေါသတကြီး ပြောပြီး ဖုန်းချသွားသည့် သားဖြစ်သူကြောင့် ဘာတွေဖြစ်နေလဲ ဆိုတာ စုံစမ်းရတော့သည်။

အင်တာနက်ပေါ် ပလူပျံနေသည်က
မတော်ရသေးတဲ့ သားမက်​လောင်းရဲ့ သတင်းတွေ .....

ဟူး ........

သားစိတ်တိုလည်းတိုချင်စရာပဲ ......

တက်လာတဲ့သတင်းတွေဟာ ပုံလေးတစ်ပုံကို
အကြောင်းပြုပြီး ဝေဖန်ချက်တွေက
ခံနိုင်စရာကိုမရှိ ........

' ချန်းယွင်ရှင်းမှ mentorချောက်ချွမ်ကို
ချုပ်ပြီး အမှတ်ယူခြင်း '

' နိုင်ငံခြားသားလေးက mentorကို
ချူစားခြင်း '

' debutနိုင်ဖို့အတွက် mentorနှင့်တွဲခြင်း '

စသဖြင့် ခေါင်းစဥ်ပေါင်းသောင်းခြောက်ထောင်နဲ့ ဂယက်တွေကို
နေ့တပိုင်းအတွင်း အမြန်ဖြုတ်ချခိုင်းလိုက်ရသည်။

သူ့လက်အောက်တွင် သားဖြစ်သူရဲ့နာမည်ကြီး Hackerအဖွဲ့ရှိသည်မို့
ခဏအတွင်း သတင်းအားလုံးကို ဖျက်ချနိုင်ခဲ့သည်။

ထပ်ပြီးကောလဟာလတွေမပျံ့စေဖို့
ကျန်းလုပ်ငန်းစုရဲ့ ဆက်ခံသူကိုပါ
တစ်ခါတည်းကြေငြာလိုက်တော့သည်။

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now