Part (33)Warning ⚠️⚠️⚠️

39.2K 1.2K 108
                                    

Unicode

( အသက်မပြည့်သေးတဲ့ငယ်လေးတို့အတွက်
Warningပါရှင် .... အသုံးအနှုန်းရိုင်းသွားရင်
တောင်းပန်ပါတယ် )

-------------------

ဒေါက် ~~~ ဒေါက်

ဟူး .... လက်စားချေရမယ် ...
လက်စားချေရမယ် .....

ငါ့ရဲ့သူငယ်ချင်း ငပိုင်လေးအတွက် ....

" ကလေး ... လင်းရန် .... ကလေးငယ် "

အပြင်ဖက်က ခေါ်နေပြီမို့ ဝေလင်းလေပူတွေမှုတ်ထုတ်ပြီး စိတ်ကို ဒုံးဒုံးချကာ တံခါးဖွင့်ပေးလိုက်သည်။

" အဆင်ပြေရဲ့လား လင်း ... "

" အင်း ပြေတယ် ... အဆင်သင့်ဖြစ်ပြီလား "

တုန်ချင်နေတဲ့ အသံကိုထိန်းပြောရတာ
ဝေလင်းအတွက် လွယ်ကူမနေဘူး .......

" ကိုယ်က အစောကြီးထဲက
အဆင်သင့်ဖြစ်ပြီးသား .... "

" အိပ်ယာပေါ်က စောင့်နေ "

လုပ်ထားကွ !! ဝေလင်း မင်းတော်တယ် !

" ဟမ် "

ယောင်နနဖြစ်သွားတဲ့ လုံချင်ဟာ
သူ့ချစ်သူပေါက်စလေး အလိုကျ
အိပ်ယာပေါ်ကပဲ သွားစောင့်ပေးလိုက်သည်။

လုံချင် အိပ်ယာပေါ် ထိုင်လိုက်သည်နှင့်
ဝေလင်းက ခေါင်းလျှော်ရည်ဘူးကြီးကိုင်ကာ
ကုတင်နား တိုးလာခဲ့သည်။

" လင်း ... ခေါင်းလျှော်ရည်ဘူးကြီးက
ဘာလုပ်ဖို့လဲ "

" ကောကော နာမှာစိုးလို့လေ "

လုပ်ပြုံးကြီးနဲ့ ပြောလာသော ဝေလင်းကြောင့် လုံချင်ဦးနှောက်ကို အမြန်အလုပ်ပေးရတော့သည်။

F*** မဟုတ်မှလွဲရော ......
ဒီကလေး သူ့ကိုလုပ်ဖို့တွေးနေတာလား ......

" လင်းအပေါ်က နေချင်လို့လား "

လုံချင်ရဲ့အမေးကို ဝေလင်းက မျက်လုံးလေးပေကလပ် ပေကလပ်လုပ်ရင်း .....

" မရဘူးလား ဟင် "

လုံချင်မှာ ချစ်ရသူလေးကို ကြည့်ပြီး
ငြိမ်ကျသွားသည်။

စောနကအထိ ကိုယ်ကညင်သာပေးဖို့တွေးနေတုန်း အခုကိုယ်အလုပ်ခံရတော့မည်။

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now