Part (4)

23K 1.9K 43
                                    

Unicode

ကျိုးလုံချင် ကားကို ကိုယ်တိုင်မောင်းရင်း
ပေကျင်းလေဆိပ်သို့ ရောက်ရှိလာခဲ့သည်။

အစက Staffတွေကို လွှတ်ဖို့စီစဥ်ထားပေမယ့် ဘာသာစကားအခက်အခဲဖြစ်နေရင် ကလေးတွေကြောက်နေမှာစိုးလို့ ကိုယ်တိုင်သာ ထွက်ခဲ့ခြင်းဖြစ်သည်။

လေဆိပ်ဘေးတစ်လျှောက် မျက်စိကစားရင်း ရိ၀မ်ပြောသော ကလေးနှစ်ယောက်ကို ရှာနေမိသည်။

ကိုယ်တိုင်က သူတို့ profileပုံတွေ ကြည့်ဖူးပေမယ့် အပြင်မှာတော့ မှတ်မိလောက်မယ်
မထင်......

ဟော.........တွေ့ပါပြီ.........

လေဆိပ်အ၀င်၀မှာ အိတ်လေးတွေ ဘေးချပြီး မျက်နှာငယ်နဲ့ ထိုင်နေပုံကသေချာပေါက် ရိ၀မ်ပြောတဲ့နှစ်ယောက်ဖြစ်ရမည်။

ကားကို ချိုးကွေ့ကာ ထိုကလေးနှစ်ယောက်ရှေ့ထိုးရပ်လိုက်သည်။

" ဟိတ် ..... လာကားပေါ်တက်ကြ "

ဝေလင်းနဲ့ရှင်း ရှေ့က ထိုးရပ်လာသော ကားကို အူကြောင်ကြောင်ကြည့်မိကြသည်။

ကားပေါ်ကလူ ဘာပြောလိုက်မှန်းတော့
သူတို့သေချာနားမလည်လိုက်ပါ........

" ဟိတ် .... က​​လေးနှစ်ယောက်
ကားပေါ်တက်လို့ "

မျက်လုံးလေးတွေပြူးနေသာ
ကလေးနှစ်ယောက်အား လုံချင် ထပ်ပြောလိုက်သည်။

ဝေလင်းက ဒုတိယတစ်ခေါက်မှ ကားပေါ်ကလူ၏ စကားကို သေချာနားလည်လိုက်သည်။

နားလည်ဆို သူ့တရုတ်စာskillက
ရှင်းလောက်မှ မညံ့ပဲ။

" ကား ... ကား ပေါ်တက်တဲ့ ငပိုင် ... "

" ဘာလို့တက်ရမှာလဲကွ "

" မသိဘူးလေ ... သူပြောတာကို "

" မတက်နဲ့ ထားလိုက် .... လူလိမ်ဖြစ်နေဦးမယ် "

" ရုပ်က အချောကြီးပါ ငပိုင်ရ ...
လူလိမ်တော့ မဖြစ်နိုင်ဘူး "

" ဟ ... ရုပ်ချောတိုင်း လူလိမ်မဖြစ်ရဘူးလား...
အ့လိုနှာပူးကျနေလို့လည်း ကျောင်းတုန်းက ခဏခဏ အလိမ်ခံနေရတာမလား "

" မင်းကလဲ .... "

" ငါက မလဲဘူး ...
မတက်နဲ့လာ ... သွားမယ် "

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now