Part (24)

16.1K 1.2K 34
                                    

Unicode

ညနေ ၃နာရီလောက်တွင် ရှင်းတို့ Show ကျင်းပမည့် အဆောက်အအုံသို့
ပြန်ရောက်လာကြသည်။

အရှေ့ဘက် တံခါးက fanတွေနှင့် လုံခြုံရေးတွေ ရှုပ်နေသည်မို့ VIP တံခါးပေါက်ကနေ
၀င်ကြရသည်။

" ငပိုင် ... ဘယ်သွားနေတာလဲ ...
ငါဘယ်လောက်စိတ်ပူနေတယ်မှတ်လဲ
လူဆိုးကောင် ... "

ရှင်းကိုတွေ့တော့ ဝေလင်းက ရန်တွေ့လာ၏။

ကိုယ့်အဖြစ်ကိုယ် စိတ်မသက်သာစွာ
ခြောက်ကပ်ကပ် ရယ်မိသည်။

ရှင်းပြစရာ စကားလုံးမတွေ့ ......

" ကျန်းမာရေးကိစ္စကြောင့် ငါခေါ်သွားတာ ...
အကျယ်တ၀င့်မဖြစ်စေချင်လို့
ဘယ်သူ့ကိုမှ အသိမပေးတာ  "

ရိ၀မ်လောင်ရှစ်ရဲ့ရှင်းပြချက်အဆုံး ဝေလင်းကြောင်အ , သွားသည်။

အတူပေါင်းလာခဲ့တဲ့ သက်တမ်းတစ်လျှောက်
ရှင်းမှာ ဘာရောဂါမှ ကြီးကြီးမားမားမရှိ​မှန်းသူသိသည်။

ငေးငိုင်နေတဲ့ ရှင်းကြောင့် တစ်ခုခုဖြစ်လာမှန်း
ရိပ်မိလိုက်သည်။

အတင်းအကြပ်မမေးချင်တာကြောင့် ...

" လာ ငပိုင် ... မိတ်ကပ်လိမ်းရအောင် ...
မင်းမေမေလေးရောက်နေပြီ "

" ဟင် ... ဟုတ်လား "

" အင်း ... မိတ်ကပ်roomထဲမှာမဟုတ်ဘူး ...
သီးသန့်ခန်းထဲမှာ ... "

" အဲ့ဆို သွားရအောင် "

ဝေလင်းရဲ့လက်ကိုဆွဲကာ ထိုလူကြီးရှေ့ကနေ ထွက်လာခဲ့လိုက်သည်။

နောက်မှာ သူဘယ်လိုကျန်နေခဲ့မလဲ
မသိချင်တော့ပါ ......

" ငပိုင် တစ်ခုခုဖြစ်လာတာလား "

" အင်း ... "

" ဘာဖြစ်လာတာလဲ ငါ့ကိုပြော ....
ရိ၀မ်လောင်ရှစ် မင်းကို အနိုင်ကျင့်တာလား "

" အဲ့တာ ထားပါ ...
အခု မင်းမိတ်ကပ်လိမ်းမှာမလား ....
သွားရင်သွားတော့လေ "

" ငါတို့က ၅ခွဲမှ လိမ်းရမှာ "

" သြော် .... "

" ပြောစမ်းပါ ရိ၀မ်လောင်ရှစ်က
ပြဿနာရှာလိုက်တာလား .... "

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now