Part (29)

14K 1.1K 40
                                    

Unicode

" လှေဦးပိုင်းမှာမသွားနဲ့ ယွင်ရှင်း .....
ဒီနားလာ "

လှေရဲ့ထိပ်စွန်းမှာရပ်နေသောရှင်းက
ချောက်ချွမ်စကားကို
မသိကျိုးကျွန်ပြုထား၏။

ဇာတ်ကားတွေထဲမှာမြင်ဖူးတဲ့အတိုင်း
ရှေးခေတ်၀တ်စုံနဲ့ ဒီလိုလှေထိပ်ကနေ
စီးချင်နေတာ ကြာလှပြီ .....

အခုမှ အခွင့်ရေး ရတာမို့ သေချာပေါက်
စီးဖို့ အားခဲထားသည်။

" ယွင်ရှင်း "

" အာ ချောက်ချွမ်ကောကလည်း
ဒီမှာ လှေသမားကြီးလည်း ရှိနေကို ...
စီးချင်လို့ပါနော် ... နော် "

ရှင်း နှုတ်ခမ်းလေးဆူကာချွဲနေတဲ့
ချစ်ဖို့ကောင်းမှုအောက်မှာ ချောက်ချွမ်ငြင်းဆန်ရန် မစွမ်းသာတော့ ....

" ကိုယ်လည်း လာခဲ့မယ် "

" ဟာ .. မလာနဲ့ အဲ့နားမှာနေ "

" ဟင် ... ဘာလို့လဲ "

လှမ်းနေတဲ့ခြေလှမ်းက ရပ်တန့်သွားပြီးမျက်မှောင်ကြီးကြုတ်သွားပုံက
အလိုမကျမှန်းသိသာစွာ ...

" ဓာတ်ပုံရိုက်ပေးလေ အဲ့နားကနေ ဟီး ... "

" ဒီနားက ရိုက်တော့ ဘယ်လိုလှမလဲ ...
နောက်လှေတစ်စီးငှားပြီး သေချာရိုက်ခိုင်းလိုက်မယ် ...
ဒီမှာဓာတ်ပုံရိုက်ကျွမ်းတဲ့
သူတွေ ငှားလို့ရတယ် "

" ငှားပေး ... ငှားပေး ... Vdလည်းရိုက်မှာနော် "

" ok "

ချောက်ချွမ်က ဖုန်းထုတ်ပြီး တစ်စုံတစ်ယောက်ကို ဆက်နေသည်။

ငါးမိနစ်ပင်မကြာ ရှင်းတို့လှေနားကို နောက်ထပ်လှေတစ်စီးကပ်လာ၏။

ချောက်ချွမ်ကောက ရှင်းအနားလာရပ်ပြီး

" ဟိုလှေက ဓာတ်ပုံရိုက်ပေးမယ့် လှေပဲ ...
နှစ်ယောက်အမှတ်တရအရင်ရိုက်ရအောင် ...
ပြီးမှ တစ်ယောက်ထဲရိုက် "

" ဟုတ်ကဲ့ ဟီး ..... "

ရယ်လိုက်၍ ကော့တက်သွားသည့်
နှုတ်ခမ်းလေးက အသည်းယားစွာ
စိုရဲနေ၏။

လေလွင့်နေသော ဆံနွယ်ရှည်တွေနှင့်
ဖဲကြိုးပြာလေးကလည်း ကဗျာဆန်နေပြန်သည်။

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now