Part (38)

13.6K 942 76
                                    

Unicode

" သားငယ် ရိုက်ကူးရေးပြီးဖို့
အချိန်ဘယ်လောက်လိုသေးလဲ .... "

" ရက် ၂၀ ... ပါပါး "

ရိ၀မ်ရဲ့ စကားကိုကြားတော့
ကျန်းသခင်ကြီးက တစ်စုံတစ်ခုကို တွေးတောဟန်နှင့် ၀ိုင်ခွက်ကို ကိုင်ပြီး
ခေါင်းတဆတ်ဆတ်ငြိမ့်သည်။

အမဖြစ်သူ လုမိန်လည်း
ပေကျင်းပြန်ရောက်နေတာမို့
ပါပါးက အရေးကြီးကိစ္စရှိသည်ဟု
​ပြောတာကြောင့် ရိ၀မ်လည်း
ရိုက်ကူးရေးပြီးတာနဲ့ ပေကျင်းကို
တန်းလာခဲ့ခြင်းပင်။

လုပ်ငန်းကိုယ်စီနဲ့ အတူဆုံချိန်
နည်းပါးကြပေမယ့် ရိ၀မ်တို့ သားဖတွေရဲ့ စကား၀ိုင်းအေးစက်မနေပဲအခက်အခဲတွေ ဝေမျှရင်းနွေးထွေးလျက်ရှိသည်။

" မိန်မိန်ရော ...
ဘယ်တော့လောက် LAကိုပြန်မှာလဲ  .... "

" တစ်ပတ်လောက်နေရင် ပြန်မှာ ပါပါး ....
မိန်က LAမှာပိုအဆင်ပြေလို့ အဲ့မှာပဲ
အခြေချတော့မယ် ..... "

" မမ ....  နင်က ပါပါးကို တစ်ယောက်ထဲ
ထားခဲ့တော့မယ်ပေါ့ .... "

" မကြာခဏပြန်လာမယ်လေ .... ၀မ်၀မ်လည်း ရှိနေတာဆိုတော့ စိတ်ချပါတယ် .... "

" အင်းပါ ... စိတ်ချ .... "

" ပါပါး ပြောစရာရှိတယ်ဆို ... "

" အင်း ... "

ကျန်းသခင်ကြီးက လုမိန်စကားကြောင့်
မျက်ခုံးပင့်ကာ လက်ထဲက ၀ိုင်ခွက်ကို ချပြီး ခါးကိုမတ်လိုက်သည်။

" တစ်လအတွင်း ကျန်းလုပ်ငန်းစုကို
သားငယ်လက်ထဲ လွှဲပေးချင်တယ် .... "

" ဟင် ... "

" ပါပါး .... "

" သားငယ် ရိုက်ကူးရေးပြီးတဲ့ အချိန်ပေါ့ ...
သားနဲ့ သမီးသဘောကရော .... "

" မိန်က ပါပါးသဘောပါ .... "

" သမီးက ကျန်းလုပ်ငန်းစုရဲ့ တတိယ ရှယ်ယာအများဆုံးအနေနဲ့ ရှိနေလိမ့်မယ် ...
ပါပါးက ဥက္ကဌရာထူးကိုလွှဲလိုက်ပေမယ့်
ဒုတိယ ရှယ်ယာအများဆုံးယူထားတယ် "

" ကောင်းပါတယ် ... မဟုတ်လည်း မိန်က
ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ ကျန်းလုပ်ငန်းစုကို ပြန်ကြည့်နိုင်မှာ မဟုတ်ဘူး ....
၀မ်၀မ်ကြောင့် ကျန်းလုပ်ငန်းစုက
ဒီလောက်အင်အားကြီးလာတာဆိုတော့
ဥက္ကဌနေရာက ၀မ်၀မ်နဲ့ အသင့်လျော်ဆုံးပဲ "

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now