Part (45)

11.4K 865 29
                                    

Unicode

ယနေ့မနက်တွင် ကျန်းရိ၀မ်နဲ့ ရှင်းလမင်းပိုင်တို့ မင်္ဂလာဆွမ်းကပ်ကြပြီး
တရားရုံးတွင် လက်မှတ်ရေးထိုးကြသည်။

ရိ၀မ်ဟာ အရင်တခါကလို ပုဆိုးကို
ခါးပတ်နဲ့ပတ်စရာမလိုပဲ
သေချာ၀တ်တတ်ခဲ့ပြီ ဖြစ်သည်။

မြန်မာ၀တ်စုံဆင်တူ ၀တ်ထားတဲ့
မိသားစု၀င်တွေ​ကို အခြားသူများတွေ့ပါက
အံ့သြချီးကျူးမဆုံးဖြစ်နေမှာအသေအချာ။

ဖြူနုနုအသားအရေလေးနဲ့ ပုဆိုး၀တ်ထားတဲ့ လူကြီးပေါက်စကို ရိ၀မ်မျက်တောင်
မခတ်တမ်း ငေးကြည့်နေမိသည်။

မင်္ဂလာဆောင် မဟုတ်သေးတာကြောင့်
ရှေ့နေတွေရယ် တရုတ်ဘက်ကလုပ်ငန်း
ပါတနာအချို့နဲ့ ဦးရန်ရှင်း အသိတချို့ရယ်သာ သက်သေအဖြစ် ရှိကြသည်။

ဦးရန်ရှင်းက သူ့အသိတွေရှေ့ ရိ၀မ်ကို
သမက်ပါဆိုပြီး ဂုဏ်ယူစွာမိတ်ဆက်ပေးသည်။

လာရောက်ကြသူတွေကလည်း
ဒိတ်ဒိတ်ကြဲ မိသားစုနှစ်ခုပေါင်းစည်းခြင်းကို
အားကျလျက်ရှိကြသည်။

အသိမိတ်ဆွေပြန်သွားပြီးနောက်
မိသားစုလိုက် မိဘမဲ့ကျောင်းများနှင့်
ဘိုးဘွားရိပ်သာများတွင် စားစရာများ
သွားရောက်လှူဒါန်းကြသည်။

ရိ၀မ်က ဘ၀ဆက်တိုင်းမြဲတဲ့ လက်တစ်စုံဖြစ်စေဖို့ရည်ရွယ်ပြီး ကလေးငယ်နဲ့အတူ
စေတီတစ်ဆူတည်ဖို့ ပြင်သည်။

စေတီရဲ့နံဘေးတွင်လည်း မိသားစုနာမည်နဲ့
ကျောင်းဆောင်တွေ ဆောက်လုပ်လှူဒါန်းစေပြန်သည်။

" ပါပါးပြန်နှင့်မယ် သားတို့ "

" မနေတော့ဘူးလား ပါပါး ... "

ဘုန်းဘုန်းတွေနှင့် စကားပြောနေသော
ဦးရန်ရှင်းကိုစောင့်နေကြရင်းမှ
ကျန်းသခင်ကြီးက ပြန်ဖို့ပြောလာခဲ့သည်။

" ပြန်နှင့်မယ် ...
ချောက်ချွမ်က တစ်ယောက်ထဲ ကျန်ခဲ့လို့ .... "

" ပါပါးကို မေးချင်နေတာကြာပြီ ....
သူကဘာလို့ပါလာတာလဲ ...
ပါပါးနဲ့သူက ဘာလဲ ... "

" သူက သနားစရာကလေးပါ ....
သားတို့ ပြန်လာမှ ရှင်းပြမယ် ...
အခု ပါပါးပြန်လိုက်ဦးမယ် "

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now