Ep 6

98 19 3
                                    

Uni.....

"Baekhyun shi... အစ်ကို​လေးနဲ့ ပြဿနာဖြစ်တဲ့ဆိုင်ကို လိုက်ပို့​ပေးပါ..."

"ဟိုမှာ တာဝန်ခံရှိ​နေတာပဲ ​ခေါ်သွားလိုက်​လေ..."

Sehun​ခေါ်တာက သူ့ကို​ဆို​ပေမယ့် တာဝန်ခံကိုသာ ​ခေါ်သွားဖို့ ညွှန်ပြလာတဲ့ အ​ကောင်​ပေါက်​လေးက Sehunနဲ့ အတူသွားချင်ပုံမရ​ပေ...

"ဘယ်ဖြစ်မလဲ ဒီကိစ္စကို သိတာလည်း မင်းပဲရှိတယ်... ပြီး​တော့ မင်းနဲ့ငါ အတူလုပ်ကြဖို့ Bossက ​ပြောခဲ့တာ... မင်း မလုပ်ချင်ရင် Bossကို ​ပြောလိုက်..."

"ပြီး​ရော ပို့​ပေးမယ်... ​ရှေ့ကသွား​..."

Bossနဲ့ ခြိမ်း​ခြောက်လိုက်​တော့မှ ပို့​ပေးမည်ဟုဆိုလာသည်...

"​ရှေ့ကသွားရ​အောင် ကိုယ်မှ ဆိုင်နေရာကို မသိပဲ...."

"အာ့ဆိုလည်း ​နောက်ကလိုက်ခဲ့... ကျွန်​တော့် ​ဘေးက​တော့ လာမ​လျှောက်နဲ့...."

"ဘာဖြစ်လို့လည်း..."

"ဘာမှမဖြစ်ဘူး..."

အထိမခံဖြစ်​နေ​သော အ​ကောင်​ပေါက်​လေးကို စချင်​ပေမယ့်လည်း ​လော​လောဆယ် Boss ခိုင်းထားတဲ့ ကိစ္စကအ​ရေးကြီးသည်မို့ အ​ကောင်​ပေါက်​လေး ​ပြောသည့်အတိုင်း အ​နောက်က​နေသာ လိုက်ဖြစ်ခဲ့​တော့သည်...

Sehunထက် နှစ်နှစ်ငယ်တဲ့ ထိုအ​ကောင်​ပေါက်​လေးက တစ်ချိန်က Sehunသိပ်ချစ်ရတဲ့သူ....

အ​ကြောင်းအမျိုးမျိုး​ကြောင့် Sehunတို့ ​ဝေးကွာခဲ့ရသည်.... သို့​ပေမယ့် ခုထက်ထိတိုင်​အောင် Sehun နှလုံးသားထဲ ထိုအ​ကောင်​ပေါက်​လေးကသာ ​နေရာယူထားဆဲဖြစ်သည်...

သက်​တော်​စောင့်ဆို​ပေမယ့် ဝတ်စုံပြည့်ကို ဝတ်ဆင်ထားခြင်းမဟုတ်ပဲ သာမန်တီရှပ်နဲ့ ဂျင်းပင်န်ကိုသာ ဝတ်ဆင်ထားခြင်း​ကြောင့် အစ်ကို​လေးနဲ့ ရွယ်တူသူငယ်ချင်းဟု ထင်ရ​လောက်တဲ့အထိ အ​ကောင်​ပေါက်​လေးက နုပျိုလွန်း​နေသည်...

Sehunနဲ့ ပြတ်ပြီး အ​ကောင်​ပေါက်​လေးဘွဲ့ရပြီး​နောက် သူ့အိမ်က အိမ်​ထောင်ပြု​ပေးလိုက်တယ်လို့ကြားမိ​ပေမယ့်... အ​ကောင်​ပေါက်ကို Bossတို့ အိမ်မှာ ​ပြန်တွေ့​ရ​တော့ Sehun အံ့သြသွားခဲ့သလို ​ပျော်လည်း​​ပျော်သွားမိသည်....

𝗕𝗲 𝗠𝗶𝗻𝗲 (U/Z)Where stories live. Discover now