Ep 5

109 23 2
                                    

Uni....

"Boss..."

Krisကား​ပေါ်က ဆင်း,ဆင်းချင်း အနားသို့ အ​ပြေး​ရောက်လာပြီး ဦးညွှတ်ကာ နှုတ်ဆက်လာ​သော ကုန်တိုက်တာဝန်ခံကို Krisလက်ကာပြလိုက်ပြီး...

"Chan ဘယ်မှာလဲ..."

"ကျွန်​တော့် ရုံးခန်းထဲမှာရှိပါတယ်...."

တာဝန်ခံရဲ့ စကားဆုံးသည်နှင့် Kris ​ခြေလှမ်း​တွေကို က​လေးငယ်ရှိသည်ဆို​သော တာဝန်ခံရုံးခန်းဆီသို့ ​လျှောက်လှမ်းခဲ့လိုက်သည်....

Krisအ​နောက်တွင်​တော့ Sehunရယ် တာဝန်ခံရယ် အတူလိုက်ပါလာကြသည်....

ရုံးခန်းတံခါးကို ဖွင့်ကာ အထဲသို့ဝင်ခဲ့လိုက်​တော့ တာဝန်ခံစားပွဲ​ပေါ်တွင် ​ခြေ​ချိတ်ထိုင်​​နေ​သော က​လေးငယ်နဲ့ က​လေးငယ် အနီးတွင်ရပ်​နေ​သော Baekhyunကိုသာ​တွေ့ရသည်...

"Chanနဲ့ ပြဿနာဖြစ်တယ်ဆိုတဲ့ ဆိုင်ရှင်​ရော ဘယ်မှာလဲ...."

"အခုနက ဒီမှာ ဒီမှာရှိ​နေပါ​သေးတယ်..."

တုန်တုန်လှုပ်လှုပ်နဲ့ ​ဖြေလာသူ တာဝန်ခံက Krisကို ​ကြောက်​နေဟန်... ဘာမှလည်း ​သေချာ​​မေးလို့ရမည့်ပုံမ​ပေါ်တာ​ကြောင့် က​လေးငယ်အနား အတူရှိ​နေသည့် Baekhyunကိုသာ ​မေးလိုက်​တော့သည်....

"Baekhyun ဖြစ်တာ​တွေကို ​ပြောပြစမ်း..."

"Baek hyung.... ဘာမှ မ​ပြောပြနဲ့​​တော့... ကျွန်​တော်တို့ ပြဿနာက ​ဖြေရှင်းလို့ပြီးသွားပြီ Kris..."

"ဟုတ်လား Baekhyun..."

က​လေးငယ်​ပြောတာကို Kris သိပ်မယုံကြည်တာမို့ Baekhyunကို ​မေးလိုက်သည်...

"ဟုတ်ပါတယ် Boss... ကျွန်​တော် Bossတို့ဆီ ဖုန်း​ဆက်နေချိန်မှာပဲ... အစ်ကို​လေးတို့​ဖြေရှင်းလိုက်ကြပုံရပါတယ်..."

"အဲ့ဒါဆို မင်းက ငါ့ကို အဲ့အ​ကြောင်း ဘာလို့ဖုန်းမဆက်ရတာလဲ... ကုမ္ပဏီက အလုပ်​တွေပစ်ပြီးလာရတဲ့ ငါ့အတွက် အချိန်​တွေသိပ်​ပေါ​နေတယ်ထင်လို့လား ​ပြောစမ်း Baekhyun..."

Kris စိတ်တိုစွာ ​အော်လိုက်​တော့ Baekhyun​ဘေးနားက က​လေးငယ် ကိုယ်​လေးတုန်သွားသည်မှာ Kris​​အော်သံ​ကြောင့် လန့်သွားပုံပင်...

𝗕𝗲 𝗠𝗶𝗻𝗲 (U/Z)Where stories live. Discover now