Uni ♡
"သား Kris..."
Kris အိမ်ထဲခြေချလိုက်တာနဲ့ အသင့်စောင့်နေတဲ့ အဒေါ်ကြီး ပွေ့ဖက်လာသည်... Krisတို့အတွက်တော့ အုပ်ထိန်းသူလိုဖြစ်နေသော အဒေါ်ကြီးကို Krisလည်း အလွမ်းများစွာနဲ့ ပြန်လည်ပွေ့ဖက်ထားလိုက်သည်...
"ဟွန့် အဒေါ်ကြီးတို့များနော်... စိတ်ဓါတ်လေးတွေ သိရပါတယ်... ဘယ်အချိန်ထဲ Krisကို လွမ်းနေလဲဆိုတာ... ကျွန်တော့်ကိုတောင် ရှိတယ်လို့မထင်တော့ဘူး..."
Krisတို့ အနောက်မှရပ်နေတဲ့ ကလေးငယ်၏ ခပ်ရွဲ့ရွဲ့အပြောကြောင့် အဒေါ်ကြီးကို ဖက်ထားရင်းမှ Krisရယ်လိုက်မိသည်...
"အဒေါ်ကြီး ဒီအတောအတွင်း နေကောင်းတယ်မလား..."
အဒေါ်ကြီးကို ဖက်ထားရာမှဖယ်လိုက်ရင်း Krisမေးလိုက်တော့ အဒေါ်ကြီးက ခေါင်းညိတ်ပြသည်...
"ပိန်သွားလိုက်တာ သားKrisရယ်..."
Krisမျက်နှာကို လက်တို့ဖြင့်ထိတွေ့ရင်း အဒေါ်ကြီးကပြောလာသည်...
"ပိန်မှာပေါ့ Krisက အစားမှ အချိန်မှန်မှန် မစားတာကို..."
Krisတစ်ယောက်တည်းမို့ စားမဝင်တဲ့ အကြောင်းတွေကိုတော့ ပြောပြမနေတော့...
"ကျွန်တော်က အဒေါ်ကြီး လက်ရာကို လွမ်းနေတာ..."
"ဟုတ်ပါပြီ... ဒီနေ့ Chanလေးလှမ်းပြောထားလို့ သားKris အကြိုက်တွေကို ချက်ထားတယ်... သွားနားလိုက်ဦး ထမင်းစားချိန်ကျ လာခေါ်ခိုင်းလိုက်မယ်..."
"ဟုတ်ကဲ့..."
အဒေါ်ကြီးကို နှုတ်ဆက်ပြီး အပေါ်ထပ်ရှိ Kris အခန်းရှိရာသို့ တက်လာခဲ့တော့ ကလေးငယ်က အနောက်ကနေပါလာသည်...
အခန်းတံခါးကို ဖွင့်လိုက်တော့ အရာရာဟာ အရင်ကအတိုင်း မပြောင်းလဲ... တစ်လကြာအောင် လူမနေတဲ့ အခန်းက ဖုန်တစ်စက်မှမရှိတာက အမြဲရှင်းလင်းထားသည်ဆိုတဲ့သဘော...
"နားလိုက်ဦး Kris..."
Krisကို ပြောပြီးနောက် ကလေးငယ်က အခန်းတံခါးကို ပိတ်ပေးကာ ပြန်ထွက်သွားသည်...