Uni ☆
"အကိုလေး..."
Chan သင်တန်းကနေထွက်လာတော့ Chanကို လှမ်းခေါ်လေသော Baek hyungကို ကြည့်မိတော့ မျက်နှာကမကောင်း... အမြဲပျော်ပျော်နေတက်သော Baek hyungက အခုလို မျက်နှာမကောင်းဖြစ်နေသည်ကို မြင်ရခဲသည်မို့ Chan စိတ်ပူမိသွားကာ Baek hyungရှိရာ ခပ်သွက်သွက်ပင်လျှောက်သွားလိုက်သည်...
Baek hyungက Chanအတွက်တော့ အကိုတစ်ယောက်လိုပင်ဖြစ်သည်... Chanဆိုးသမျှလည်း သည်းခံသလို Chanအတွက်လည်း တိုင်ပင်ဖော် တိုင်ပင်ဖက်တစ်ဦးမို့ Chan စိတ်ပူကာ စိုးရိမ်နေမိသည်...
"Baek hyung... ဘာဖြစ်လို့လဲ မျက်နှာလဲမကောင်းဘူး..."
Chan မေးလိုက်တော့ Baek hyung မျက်နှာက ပိုပြီးပျက်သွားတော့သည်...
ခဏနေမှပြောလာသော စကားတို့ကြောင့် Chan ထိုနေမှာပင် လဲကျမသွားမိအောင် မနည်းထိန်းလိုက်ရသည်...
"Boss အခုဆေးရုံမှာ အကိုလေး... siteထဲ မတော်တဆဖြစ်လို့တဲ့... အတွင်းရေးမှူးOh ခုနကပဲ ဖုန်းဆက်လာတယ်... အဲ့ဒါ hyungတို့ ဆေးရုံအမြန်လိုက်သွားရမယ်..."
"အကိုလေး... အကိုလေး..."
"ဟင် ဘာလဲ..."
Baekhyun စကားကိုကြားပြီးနောက် အကိုလေးတစ်ယောက် အသိမရှိတော့တဲ့သူတစ်ယောက်လို ရပ်နေသည်မှာ Baekhyun အကြိမ်ကြိမ်လှုပ်ခေါ်တော့မှ အသိတို့ဝင်လာသည်...
"ဆေးရုံသွားကြမယ်လို့..."
"ဟမ်! အွန်း သွားမယ်လေ..."
ဆေးရုံဆီသွားတဲ့ လမ်းတစ်လျှောက်မှာလည်း အကိုလေးက တအားကို ငြိမ်သက်လွန်းနေခဲ့သည်... ငိုနေတာကမှတော်သေးဦးမည်... ခုလို တအားငြိမ်သက်လွန်းတဲ့အခြေနေကြီးကိုတော့ Baekhyunမကြိုက်ပေ...
"အကိုလေး... ငိုချင်တာရှိရင် ငိုလိုက်နော်... စိတ်ထဲတင်းမထားနဲ့..."
ပေါ်ပေါင်တင်ထားကာ ခပ်တင်းတင်းဆုပ်ထားသော အကိုလေးလက်ကို သွားကိုင်ကာ ပြောလိုက်ပေမယ့် ပြန်ပြောလာသည်က...
"Krisက ဒဏ်ရာရရုံပဲလေ... ကျွန်တော်က ဘာလို့ ငိုရမှာလဲ"တဲ့...
Baekhyunလည်း ဆက်မပြောတော့ပဲ ကားကိုသာ ဆေးရုံဆီသို့ အမြန်မောင်းလိုက်တော့သည်...