Ep 27

70 10 1
                                    

Uni ♡

"Hyung ဒီအပတ်ပိတ်ရက် ကျွန်​တော့်ကို အပြင်လိုက်ပို့​နော်..."

"Hyun ဘယ်သွားချင်လဲသာ​ပြော သွားချင်တဲ့​နေရာအကုန်လိုက်ပို့​ပေးမယ်..."

အလုပ်ကိစ္စနဲ့ အပြင်​လေးသွားမိပါတယ် အပြန်မှာ ကားအ​ရှေ့ခန်းမှာ ထိုင်​နေပြီး ချစ်ကြည်နူး​နေတဲ့ ​နှစ်​ယောက်ကို ကြည့်ကာ Chan မျက်စိနောက်ကာ အမြင်ကပ်လာသည်...

"Sehun hyung ကားကို ​​သေချာ​မောင်း​နော်... ကျွန်​တော် Krisနဲ့ရ​သေးတာမဟုတ်​တော့ ​စော​စော မ​သေချင်​သေးဘူး..."

Chan ခပ်ရွဲ့ရွဲ့​ပြောလိုက်​တော့ Sehun hyungက ရယ်ပြီး...

"အကို​လေး အားကျ​နေတာလား မနာလိုဖြစ်​နေတာလား..."

"နှစ်ခုလုံးဖြစ်​နေတာ... ဒီမှာ​တော့ ​ကျောက်ရုပ်ကြီးကို ဘယ်လိုလှုပ်ရှားလာ​အောင်လုပ်ရမလဲ​တွေးရင်း ​ခေါင်း​တွေ​ခြောက်​နေတာကို သူတို့က လာကြည်နူး​​ပြ​နေတာ..."

"ကျွန်​တော့် အထင်​တော့ bossလည်း အကို​​လေး အပေါ်စိတ်ရှိ​နေပြီလို့ ထင်တာပဲ အကို​လေးရဲ့..."

"တကယ်လား Baek hyung..."

"ကျွန်​တော်လည်း အဲ့လိုပဲ ထင်တယ်... ဒါနဲ့ အကို​လေး boss အကို​လေးအ​ပေါ်ပွင့်လင်းလာ​အောင်လုပ်ဖို့ ကျွန်​တော် အကြံတစ်ခု​ပေးရမလား..."

"အင်း ဘာလဲ​ပြောကြည့်​လေ... Krisသာ ပြန်ကြိုက်လာမယ်ဆို ဘာပဲလုပ်ရလုပ်ရ လုပ်မယ်..."

"Hyung​နော် အကို​လေးကို ဘာ​တွေ​လျှောက်လုပ်ခိုင်းမလို့လဲ..."

"ဘာမဟုတ်ပါဘူး မပူပါနဲ့ Hyunရဲ့..."

"Sehun​ hyungရေ ​ပြောပြပါ​တော့..."

"ခု​လော​လောဆယ် ကုမ္ပဏီကို အရင်​ရောက်​အောင်​မောင်းပါရ​စေ အကို​လေး... ကား​ပေါ်မှာ​ပြော​နေ​ရင် အကို​လေးလည်း Krisနဲ့ ရလိုက်မှာ မဟုတ်သလို ကျွန်​တော်တို့လည်း ယူလိုက်ရမှာမဟုတ်ဘူး..."

"ဒါဖြင့်လည်း မြန်မြန်သာ​မောင်း... ကျွန်​တော်ပဲ ​မောင်းလိုက်ရမလား..."

အကို​လေးရဲ့ စိတ်မရှည်သံ​လေး​ကြောင့် Sehun ပြုံးလိုက်မိသည်... လူ​တွေက အချစ်နဲ့ ပတ်သတ်လာရင် စိတ်မရှည်တက်ကြပါလားနော်...

𝗕𝗲 𝗠𝗶𝗻𝗲 (U/Z)Where stories live. Discover now