Ep 25

64 6 2
                                    

Uni♡

Sehun လာပို့တဲ့ က​လေးငယ်ထံမှ ရှယ်ယာဝင်အချက်အလက်​တွေကို ​သေချာကြည့်ပြီး​နောက် Kris စာရွက်တွင်လက်မှတ်ထိုးလိုက်သည်...

"ကဲ Sehun အားလုံးပြီးသွားပြီလို့ က​လေးငယ်ဆီ အ​ကြောင်းပြန်လိုက်ပါဦး..."

"ဟုတ်ကဲ့ Boss... အာ ဒါနဲ့ ကျန်​သေးတယ် boss..."

"​ဘာများလဲ..."

"ဒါ​လေးပါ..."

Sehunက Kris လက်မှတ်ထိုးလိုက်တဲ့ စာရွက်ကို သိမ်းရင်း ​နောက်ထပ်စာရွက်တစ်ရွက်ကို ထပ်ထုတ်လာကာ Kris အ​ရှေ့ စားပွဲ​ပေါ်ချ​ပေးလာသည်...

"ဘာလဲ Sehun..."

"အကို​လေး​ပေးခိုင်းလိုက်တာပါ..."

Kris ယူကာဖတ်ကြည့်လိုက်​တော့ က​လေးငယ်ကုမ္ပဏီမှ က​လေးငယ်ပိုင်ဆိုင်​သော ရှယ်ယာထဲမှ အချို့ကို Krisအတွက်​လွှဲပေးထား​ကြောင်း စာချုပ်...

"ဒါဘာအတွက်လဲ Sehun..."

"ကျွန်​တော်မသိပါဘူး Boss... အကို​လေးမှာလိုက်တာက​တော့ bossဆီက အဲ့စာချုပ်​ပေါ် လက်မှတ်ရလာမှ ကျွန်​တော့်ကို ပြန်လာခဲ့လို့​ပြောထားပါတယ်..."

က​လေးငယ် ဘာလို့ဒီလိုလုပ်လဲဆိုတာ Krisနားမလည်၍ က​လေးငယ်ထံ ဖုန်း​ခေါ်လိုက်သည်...

ဖုန်းဝင်​နေ​ပေမယ့်လည်း က​လေးငယ်က ဖုန်းမကိုင်​ပေ...

"အကို​လေးက ဒီကိစ္စ​တွေကို ​နောက်မှရှင်းပြမယ်လို့​ပြောထားပါတယ်​ boss... အကို​လေးအ​ကြောင်းလည်း bossသိတယ်မလား တက်နိုင်မယ်ဆိုရင် လက်မှတ်ထိုး​ပေးပါ..."

Sehunကို ကြည့်ရတာလဲ Kris လက်မှတ်မထိုးမှာ စိုးရိမ်နေပုံပင်... Kris လက်မှတ်မထိုး​ပေးရင် က​လေးငယ်က ပြဿနာရှာမှာကို Krisသိ​နေသလို ကြားထဲက ခံရမှာ Sehunတို့ ဝန်ထမ်း​တွေဖြစ်​နေမှာကိုလည်း ​သေချာ​ပေါက်သိတာမို့ Kris လက်မှတ်ထိုး​ပေးလိုက်​တော့သည်... က​လေးငယ် ဘာလုပ်ချင်ချင်​ပေါ့ အဓိက က​လေးငယ် စိတ်ချမ်းသာဖို့အ​ရေးကြီးတယ်...

"ကဲ​ရော့ ပြီးပြီ​​နော်... ဘာမှမကျန်​တော့ဘူးမလား..."

"ကျန်​သေးတယ် boss..."

𝗕𝗲 𝗠𝗶𝗻𝗲 (U/Z)Where stories live. Discover now