Uni...
"အတွင်းရေးမှူး Oh ကျွန်တော်တို့ အခုဘယ်ကိုသွားပြီး ဘာလုပ်ရမှာမလဲ..."
"ရောက်ရင် သိလိမ့်မယ်..."
Hoodie oversizeအဖြူရောင်ထဲ မြုပ်နေသော အကောင်ပေါက်လေးက Sehunနဲ့ နှစ်ယောက်ထဲအတူသွားရတာကြောင့် မကျေမနပ်ဖြစ်နေပုံရကာ မျက်နှာကလည်း အနည်းငယ်စူပုတ်လို့နေသည်...
"အဲ့bossကလည်း တခြားသူတွေလည်း ရှိနေတာကို... ငါ့ကိုမှ ထည့်လိုက်ရလား..."
သူ့ကို ထည့်လိုက်သည့် Bossကို မကျေနပ်စွာ ပွစိပွစိပြောနေသည်ကို နားထောင်ပြီး Sehunရယ်ချင်မိသည်... Sehun အကူညီတောင်းလို့ boss ကူညီတာကိုသာ သိရင် ဘယ်လောက်တောင်များ ပြောလိုက်လေမလဲ...
Sehunတို့ ဆိုးလ်ကနေ နှစ်နာရီကျော်ခန့်မောင်းလာပြီးနောက် Sehunတို့ ငယ်စဥ်ကတက်ခဲ့သော အထက်တန်းကျောင်းသို့ရောက်လာခဲ့သည်...
ထိုကျောင်းက Sehunနဲ့ အကောင်ပေါက်တို့ကြား အမှတ်တရများစွာရှိသည့်နေရာဖြစ်သည်...
အကောင်ပေါက်နဲ့ စပြီးဆုံတွေ့ခဲ့ရသည့်နေရာဆိုလည်း မမှားပေ...
"ရောက်ပြီ..."
"ဒီနေရာက?..."
အကောင်ပေါက်ကတော့ Sehunခေါ်လာတဲ့ နေရာကို ကြည့်ကာ အံ့ဩနေပုံရသည်...
"ကျွန်တော်ပြန်မယ်... အတွင်ရေးမှူးOh ကျွန်တော့်ကို ပြန်ပို့ပေးပါ..."
မျက်နှာထက်နာကြည်းရိပ်တွေဖြင့်ပြောလာသည်က Sehunကို ခွင့်လွှတ်နိုင်သေးပုံမရပေ...
"ခဏလေးပါ Hyunရယ်... ကိုယ့်ကို ခွင့်မလွှတ်နိုင်မှန်းကိုယ်သိပါတယ်... ဒါပေမယ့် ဒီနေရာလေးမှာ ကိုယ်တို့ရဲ့ အမှတ်တရတွေအများကြီးရှိခဲ့တယ်မလား... ဒါကြောင့်ခေါ်လာတာပါ... ပြီးတော့ ကိုယ်လည်း နားရက်ရတိုင်း ဒီကို အမြဲလာဖြစ်တယ်..."
"အဟက်... အမှတ်တရတွေ!... ကျွန်တော့်အတွက်တော့ အမှတ်တရတွေဆိုတာ တခုမှမရှိတော့ဘူး... သတ္တိမရှိတဲ့ သူတစ်ယောက်နဲ့ပတ်သတ်နဲ့ အမှတ်တရတွေဆိုတာ ကျွန်တော့် ဘဝမှာ တစ်ခုမှမရှိတော့ဘူး..."