Ep 13

91 12 0
                                    

Uni...

"Boss နားပါဦးလား... ဒီလိုနဲ့ ကျန်းမာ​ရေးထိခိုက်ဦးမယ်​နော်..."

​ဘေးနားက​နေ ဒီစကားကိုသာ တတွတ်တွတ်ရွတ်​နေ​သော Sehunကို 'ငါ့ကိုယ်ငါ သိပါတယ်'ဟု​ပြောကာ Kris အလုပ်​တွေကို ဆက်လုပ်​နေလိုက်​သည်...

က​လေးငယ် ​နေ​မ​ကောင်းတိုင်း Sehunနဲ့လွှဲထားခဲ့ရတဲ့အလုပ်​တွေကို Kris အ​သေးစိတ်ပြန်လုပ်​နေရခြင်းဖြစ်သည်...

Sehunက လိုအပ်တာမရှိ ပြီးပြည့်စုံ​အောင် လုပ်​ပေးထားမှန်းသိ​ပေမယ့်လည်း တစ်ချက်​လေးမှားတာနဲ့ ထိခိုက်မှာက ဒီကုမ္ပဏီရဲ့ အနာဂတ်ပိုင်ရှင်​လေးဖြစ်တာ​ကြောင့် Krisမှာ ပျက်ကွက်ထားသမျှအလုပ်​တွေကို အ​သေးစိတ်ပြန်လုပ်​နေရခြင်းဖြစ်သည်...

Bossတစ်​ယောက် အလုပ်ပျက်ထားတုန်းက လုပ်စရာ​တွေအကုန်လုံးကို ​နေ့မနား ညမနားလုပ်​နေသည်မှာ သုံးရက်ဆက်တိုက်ရှိပြီဖြစ်သည်... ​နေ့လယ်စာ​တောင် ဖြစ်ဖြစ်​မြောက်​မြောက်မဟုတ်ပဲ အမြန်ရတဲ့အသင့်စား​တွေကိုသာ အလုပ်လုပ်​နေရင်းစားတာ...

အလုပ်မှာမပြီးလျှင် အိမ်သို့သယ်ကာ ဆက်လုပ်သည်... အိပ်​ရော အိပ်ရဲ့လားမသိ​ပေမယ့် bossမျက်တွင်း​တွေကျ​နေသည်ကို သတိထားမိ​တော့ နားဖို့​ပြော​ပေမယ့်လည်း အချည်းနှီးသာ...

"Boss နားဦးဗျာ... မနားရင် လဲ​တော့မှာ သိရဲ့လား..."

"ငါသိတယ် Sehunရာ... လာမယ့်အပတ်မှာ ပ​ရော့ဂျက်အသစ်ကစ​တော့မှာဆို​တော့ အဲ့ဒါအမီ ငါ အမြန်လုပ်မှဖြစ်မှာ... ​ဒီကြားထဲ က​လေးငယ်က တစ်ခုခုဆို ငါ အလုပ်ကထပ်ပျက်ရင် အကုန်​နှောင့်​နှေးကုန်မှာ..."

အလုပ်မပျက် Sehunကို ပြန်​ဖြေ​သော bossကို ​ပြောမနိုင်​တော့တာ​ကြောင့် လက်​လျှော့လိုက်​တော့သည်...

Boss ဘာလုပ်လုပ် ဦးတည်ရာသည် အစ်ကို​လေးသာဖြစ်သည်... bossမှာ သူ့အတွက်သူ​ရော စဥ်းစား​သေးရဲ့လားမသိ...

"ကျွန်​တော် ဘာကူ​ပေးရမလဲ..."

"ပွစိပွစိလုပ်မ​နေပဲ ပါးစပ်​လေးသာ ပိတ်ထား​ပေး​... အဲ့ဒါ ကူညီတာပဲ..."

ဪ!... ​စေတနာနဲ့ သတိ​ပေးတာကို ပွစိပွစိလုပ်​နေတဲ့လား... bossက ​စေတနာနဲ့ မတန်ဘူး...

𝗕𝗲 𝗠𝗶𝗻𝗲 (U/Z)Where stories live. Discover now