Uni ♡
Kris နိုးလာတော့ တစ်ခန်းလုံး အသံတိတ်နေသောကြောင့် ထထိုင်ကာ အခန်းထဲကို ဝေ့ဝိုက်ကြည့်မိတော့ ခပ်လှမ်းလှမ်းရှိ စားပွဲပေါ်တွင် အလုပ်လုပ်ရင်း အိပ်ပျော်သွားပုံသော ကလေးငယ်ကလွဲ၍ တစ်ခန်းလုံးတွင် ဘယ်သူမှရှိမနေ...
ဒါနဲ့ပဲ Krisလည်း ကုတင်ပေါ်မှ ဆင်းကာ ကလေးငယ်အနားသွားလိုက်ပြီး ဘေးနားရှိခုံတွင်ထိုင်လိုက်သည်... ထိခိုက်ထားသော ခြေထောက်တစ်ဖက်ကြောင့် ကလေးငယ်အနားရောက်ဖို့ အတော်အားယူကာ သွားလိုက်ရသည်....
ကြမ်းပြင်ပေါ်ထိုင်ကာ အလုပ်လုပ်ရင်းက အိပ်ပျော်သွားပုံရသော ကလေးငယ်၏မျက်နှာထက်တွင် အုပ်နေသောဆံပင်တို့ကို အသာဖယ်ပေးရင်း တစ်ခြမ်းသာမြင်ရသော မျက်နှာလေးကို ကြည့်မိတော့ အရင်နဲ့မတူ အနည်းငယ်ချောင်ကျသွားသော မျက်နှာလေးက အလုပ်တွေ တအားပင်ပန်းနေမှန်းသိသာလှသည်...
*တအားပင်ပန်းနေခဲ့တာလား ကလေးငယ်... ကလေးငယ်ကို ပင်ပန်းစေမိခဲ့လို hyungတောင်းပန်ပါတယ်နော်...*
"Kris ငါလာတယ်..."
ကလေးငယ် မျက်နှာလေးကိုကြည့်ရင်း တောင်းပန်စကားတို့ကို တီးတိုးဆိုမိခိုက် Haera အသံကြောင့် အခန်းဝသို့ လှမ်းကြည့်လိုက်ရင်း အသံတိုးတိုးပြောရန် ပြောလိုက်သည်...
"ကလေးငယ် အိပ်နေလို့ တိုးတိုးပြော..."
"အေး အေး... နင့် အခြေနေလာကြည့်တာ..."
Krisပြောလိုက်၍ Haeraက ကြားရရုံလေသံဖြင့်သာ ပြောလာတော့သည်....
"ဟိုဘက်မှာ သွားပြောမယ်... ငါ့ကို လာတွဲပေးဦး..."
Haeraကို ကူတွဲပေးရန်ပြောလိုက်ပြီးနောက် နှစ်ယောက်သား စကားပြောရန် ကုတင်ဘက်ဆီပြန်သွားခဲ့လိုက်ကြသည်...
"နေရတာ သက်သာရဲ့လား... တစ်ခုခု အဆင်မပြေတဲ့နေရာရောရှိလား..."
Haeraက Krisကို ကုတင်ပေါ်နေရာချပေးပြီးနောက် ကုတင်ဘေးနားက ခုံတွင်ဝင်ထိုင်ကာ မေးလာသည်...