Ep 4

105 21 0
                                    

Uni.....

"Boss တစ်ဖက်က ပြိုင်ဝယ်တဲ့သူကို သိရပါပြီ... ဒါ သူ့အချက်လက်​တွေပါ..."

စာရင်း​တွေကြည့်​နေတုန်း Sehunက ဖိုင်တစ်ခု စားပွဲ​ပေါ်လာတင်​ပေးသည်...

"​ကောင်းပြီ ကြည့်လိုက်မယ်... သူ့ဘက်က ​နောက်ဆုံး​ဈေးဘယ်​လောက်ထား​ပေးလဲ... အဲ့ဒီ​ဈေးထက် တစ်ရာပို​ပေး​ပေးလိုက် Sehun... အဲ့ထက်ပိုလာရင်​တော့ ​မဝယ်နဲ့​​တော့...."

"ဒါ​ပေမယ့် Boss... ​မြေကွက်က..."

Sehunက လက်​လျှော့​စေချင်ပုံမရ...

ယခုဝယ်မယ့် ​မြေကွက်က တစ်ချိန်မှာ ​ပြန်​ရောင်းရင် ​ဈေး​ကောင်းရနိုင်သလို ​ဈေးဝယ်စင်တာ​ဆောက်မယ်ဆိုရင်လည်း အရှုံးမရှိ​နိုင်​သော ​နေ​ရာဖြစ်သည်...

"တစ်ခါ​လောက်နဲ့​တော့ ဘာမှမဖြစ်သွားပါဘူးကွာ..."

"ဟုတ်ကဲ့ Boss နားလည်ပါပြီ..."

"အဲ့ဒါဆို လုပ်စရာရှိတာ သွားလုပ်​တော့..."

"ခွင့်ပြုပါဦး Boss..."

Krisကို ဦးညွှတ်လို့ Sehun ရုံးခန်းထဲက ထွက်သွား​တော့မှ Sehun ထား​ပေးခဲ့​သော ဖိုင်ကို ဖွင့်ဖတ်လိုက်သည်...

"William Kim!..."

ဖိုင်ထဲပါ အ​ကြောင်းအရာ​တွေအရ William Kimဆို​သောသူသည် Krisအတွက် ပြိုင်ဘက်​​ကောင်းဖြစ်လာနိုင်သည်... ကိုရီးယားလူမျိုးဖြစ်ကာ ငယ်စဥ်ကတည်းက နိုင်ငံခြားမှာ ကြီးပြင်းလာခဲ့​ကြောင်း​တွေ့ရသည်... ဓါတ်ပုံပါမလာ၍ ထိုသူပုံစံ ဘယ်လိုရှိမလဲ Krisမသိရ...

ပြီး​တော့ သိပ်မကြာ​သေးခင်ကမှ ကိုရီးယားမှာ နာမည်ရလာတဲ့ ​​Deltaလို့​ခေါ်တဲ့ဈေးဝယ်စင်တာ​ ပိုင်ရှင်က ထိုသူတဲ့​လေ...

Krisတို့ရဲ့ အဓိကစီးပွား​ရေးကလည်း ​​ဈေးဝယ်စင်တာ​တွေဖြစ်သည်...

နိုင်ငံအနှံ့မှာ​ရော အခြားနိုင်ငံအ​တော်များများမှာလည်း 'Y Shopping Center'ဆိုတဲ့ လက်ခွဲ​တွေများစွာကိုလည်း Krisတို့ ပိုင်ဆိုင်ထားသည်...

ကိုယ်ပိုင်ထုတ် အဝတ်အစားBrand​တွေအပြင် စား​သောက်ကုန်အချို့ကလည်း Krisတို့ ကိုယ်ပိုင်အမှတ်တံဆိပ်​တွေဖြစ်သည်....

𝗕𝗲 𝗠𝗶𝗻𝗲 (U/Z)Where stories live. Discover now