Uni ♡
ဆေးရုံအခန်းထဲ ဝင်လာတဲ့ Chan ခြေထောက်တွေဟာ လေးတိလေးကန်... ကိုယ့်ခြေထောက်တွေကိုပင် ကိုယ်မသယ်နိုင်လောက်အောင် Chan လူရော စိတ်ရောပင်ပန်းနေပြီ...
ကုတင်ထက်ရှိ ဒဏ်ရာတို့ကင်းစင်ကာ ဝင်းမွတ်မွတ်ဖြစ်နေသော မျက်နှာလေးကို မြင်လိုက်ရတော့မှ ပင်ပန်းမှုတို့က ခဏတာပြေပျောက်သွားသလို အမောပြေရ၏...
ဒီလူသား၏ မျက်နှာကိုမမြင်ရမခြင်း ပင်ပန်းခြင်းတို့ပျောက်ကွယ်မည်မဟုတ်သောကြောင့် အလုပ်ဆင်းတာနဲ့ ဆေးရုံကိုပဲတန်းလာဖြစ်သည်... ဒီမှာပဲ အိပ်၊ ဒီကနေပဲ အလုပ်သွားတာမို့ အိမ်တောင် မပြန်ဖြစ်တော့တာကြာပြီ...
Chanလုပ်နေကျ အလုပ်တစ်ခုကို လုပ်ရန် ကိုယ်ကို Krisမျက်နှာအထိ ကိုင်းလိုက်ပြီး မျက်ခုံးနှစ်ခုကြား အနမ်းအသာငုံ့ပေးလိုက်ပြီးမှ ကိုယ်ကိုပြန်မတ်ကာ လည်တိုင်တွင်စည်းနှောင်ထားသော နက်ခ်တိုင်ကို ဖြည်ချပစ်လိုက်သည်...
ထို့နောက် ခြေလက်သွားဆေးပြီးတာနဲ့ Krisဘေးနားကပ်ဝင်လှဲလိုက်ပြီး ဘေးတစောင်းမြင်နေရသော Kris မျက်နှာကိုကြည့်နေမိသည်...
အခြေနေတွေအားလုံးကောင်းရဲ့နဲ့ သတိရမလာသေးတာကို ဆရာဝန်တွေလည်း အဖြေရှာမရပဲ... စောင့်ကြည့်အနေအထားနဲ့ ဆေးရုံမှာပဲအခြေနေကို စောင့်ကြည့်နေကြသည်မှာ ခုဆို တစ်လနီးနီးရှိတော့မည်...
အိပ်ပျော်နေသော Krisကတော့ ဘာအပူအပင်မှ မရှိတာ ကောင်းလိုက်တာ... ကုမ္ပဏီကို Krisကိုယ်စား တာဝန်ယူတော့မှပဲ Krisဘယ်လောက်ပင်ပန်းနေခဲ့မလဲဆိုတာ Chanကိုယ်ချင်းစာမိတော့သည်...
ဒါတောင် Chan အလုပ်လုပ်တာ သုံးပတ်ပဲရှိသေးတာ Krisလို နှစ်တွေအကြာကြီးတောင်မဟုတ်...
*Krisထွက်သွားမှာစိုးတဲ့ စိတ်တစ်ခုထဲနဲ့ Krisကို အရာအားလုံးထိုးပေးထားခဲ့တာ Chanတော်တော်ဆိုးတယ်မလားဟင်...*