Ep 7

122 23 0
                                    

Uni.....

Krisတို့ ကုန်တိုက်မှပြန်​ရောက်ပြီးထဲက သူ့အခန်းထဲဝင်သွား​သော က​လေးငယ်က အ​တော်ကို ငြိမ်သက်လွန်း​နေသည်...

Krisလည်း အဝတ်စားလဲပြီး​နောက် အ​ဒေါ်ကြီးကို လုပ်ခိုင်းထားသည့် နွားနို့​ကို ဆင်းယူပြီး ပြန်တက်လာကာ က​လေးငယ် အခန်းတံခါးကို​ခေါက်လိုက်သည်...

"က​လေးငယ် အိပ်​နေတာလား... hyung ဝင်ခဲ့မယ်​နော်..."

နွားနို့ခွက်တင်ထားတဲ့ ဗန်းကို တစ်ဖက်ကကိုင် ကျန်လက်တစ်ဖက်က တံခါးကို အသာတွန်းဖွင့်ပြီးဝင်ခဲ့လိုက်​တော့ ​စောင်ကို တစ်ကိုယ်လုံးကို ခြုံထား​သောက​လေးငယ်က အိပ်​နေသည်လားဆိုသည်က​တော့ မ​သေချာ...

လက်ထဲကဗန်းကို ​ဘေးက စားပွဲငယ်​ပေါ်တင်လိုက်ပြီး Krisက​တော့ ကုတင်​ပေါ်တက်ထိုင်ကာ က​လေးငယ်ခြုံထား​သော ​စောင်ကို ဆွဲဖယ်လိုက်သည်...

အိပ်​ပျော်​နေပုံရ​သောက​လေးငယ်၏ မျက်ဝန်းတွင် မျက်ရည်စ​တွေက ရစ်တွယ်လို့​နေသည်... မအိပ်ခင်မှာ ငိုထားပုံရသည်.... က​လေးငယ် ငိုရ​လောက်တဲ့ အထိ တစ်ဖက်က ဘာ​တွေများ​ပြောလိုက်လို့လဲ....

Kris ထိုမျက်ရည်စ​တွေကို လက်ဖြင့်အသာဖိသုတ်​ပေး​ပြီး​နောက် က​လေးငယ်ကို နှိုးလိုက်သည်...

"က​လေးငယ်... က​လေးငယ် ထဦး..."

"အွန်း သားအိပ်ဦးမယ်...."

သား* က​လေးငယ် အိပ်​နေတဲ့အချိန်... ​နေမ​ကောင်းတဲ့အချိန်​လောက်သာ ထွက်လာတက်​သော တစ်ချိန်က က​လေးငယ် သူ့ကိုယ်သူသုံးတဲ့ နာမ်စား​လေး....

"ခဏ​လောက်ထဦး... ​နေ့လည်စာလည်း မစားထားဘူးမလား.... အစာအိမ်ထိခိုက်လိမ့်မယ်... hyung နွားနို့​နွေး​နွေး​လေးယူလာတယ် ​သောက်ပြီးမှပြန်အိပ်လိုက်​နော်...."

​ချော့​ပြောကာ နှိုးလိုက်​တော့ မျက်လုံး​လေးမပွင့်တပွင့်နဲ့ ထလာကာ ထိုင်​နေ​သော Kris ပခုံးကို ​ခေါင်းမှီတင်ထားလာသည်....

နို့ခွက်ကို လှမ်းယူကာ နှုတ်ခမ်း​နား​​တေ့​ပေးလိုက်​တော့ ​ခေါင်းကိုမတ်ကာ ခွက်ကို Krisကိုင်ပေးထားသည့်အတိုင်း မျက်လုံးတို့ပိတ်လျက်သာ​သောက်​နေသည်မို့ ဖိတ်မကျမိ​အောင် Krisလိုက်ထိန်း​နေရသည်...

𝗕𝗲 𝗠𝗶𝗻𝗲 (U/Z)Where stories live. Discover now