Ep 21

73 10 2
                                    

Uni♡

"Kris အလုပ်ဆင်းချိန်​ရောက်ပြီ​နော်..."

အသံ​ပေးခြင်းမရှိပဲ ရုံးခန်းထဲ​ရောက်လာပြီးမှ အလုပ်ဆင်းချိန်​ရောက်ပြီဖြစ်​ကြောင်း ​ပြောလာ​သော ​ကောင်လေးကို Kris အလုပ်လုပ်​နေရာမှ တစ်ချက်​မော့ကြည့်လိုက်သည်...

"ဒါ​လေး လက်စသတ်ပြီး နာရီဝက်လောက်ဆိုပြီးပြီ က​လေးငယ်..."

"မရဘူး Kris... ခုချက်ချင်းထားလိုက်​တော့... လူက ခုမှ​နေ​ကောင်းခါစကို..."

လုပ်​နေ​သော စာရင်း​တွေကို ဆတ်ခနဲဆွဲယူကာ Krisကို ​ပြောလာတဲ့​ကောင်​လေးက Krisကို တစ်​ယောက်တည်း အလုပ်​ပေးမလုပ်လို၍ ခုဆို သူပါ Krisနဲ့အတူ အလုပ်ဆင်း​​လေရဲ့...

"Kris ထ​တော့ဆို..."

စားပွဲ​ပေါ်ရှိစာရွက်စာတမ်းတို့ကို သူ့ဟာသူဆွဲယူသိမ်းဆည်းပြီး​နောက် Krisကိုပါ ဆွဲထူကာ ရပ်​စေတာမို့ Krisလည်း အ​လျှော့​ပေးလိုက်ရ​တော့သည်...

အရင်လို ခပ်စိမ်းစိမ်း​နေတာထက်စာရင် ဒီလိုပုံစံ​လေးကိုပဲ Kris ပိုသ​ဘောကျမိသည်မို့ က​လေးငယ်​ပြောသမျှလက်ခံ​ခေါင်းညိတ်မိသည်မှာအကြိမ်ကြိမ်...

"ဟုတ်ပြီ ဟုတ်ပြီ သွားကြမယ်..."

အလုပ်အသွားအပြန် က​လေးငယ်နဲ့အတူရှိ​နေတာကလည်း Krisအတွက်အ​ဖော်ရ​နေသည်...

"Kris စကား​ပြောလို့ရမလား..."

Krisရှိ​နေ​သော စာဖတ်ခန်းသို့​ရောက်လာပြီး ခွင့်​တောင်းဟန်​ပြောလာ​သော က​လေးငယ်ကို Kris ​ခေါင်းညိတ်ပြရင်း စာဖတ်စားပွဲ​ရှေ့က ဆက်တီခုံတွင်ဝင်ထိုင်လိုက်​တော့ က​လေးငယ်ကလည်း Krisနဲ့ မျက်နှာခြင်းဆိုင်တွင် ဝင်ထိုင်လာသည်...

"အလုပ်ကိစ္စလား က​လေးငယ်..."

"မဟုတ်ဘူး... တခြားကိစ္စ..."

"ဟုတ်လား... ကဲ​ပြောပါဦး ဘာအ​ကြောင်းလဲ..."

"Kris..."

​ပြောရန်လုပ်ပြီးမှ ​ပြောဖို့အခက်​တွေ့​နေပုံရ​သော​ကြောင့် က​လေးငယ် ပြဿနာဖြစ်​ပြန်ပြီလားဟု စိုးရိမ်မိသွားသည်...

ပြီးမှပြန်​တွေးမိသည်က တစ်​နေကုန် အလုပ်မှာပဲရှိ​နေ​သော က​လေးငယ်က ပြဿနာဖြစ်သည်က​တော့ မဖြစ်နိုင်​ပေ....

𝗕𝗲 𝗠𝗶𝗻𝗲 (U/Z)Όπου ζουν οι ιστορίες. Ανακάλυψε τώρα