Uni♡
တစ်လဆိုသော အချိန်အတွင်း ကလေးငယ်အတွက် Krisမှာ တိကျသေချာတဲ့ အဖြေတစ်ခုရှိလာခဲ့ပြီ...
"လွမ်းလိုက်တာ ကလေးငယ်ရယ်..."
ထမင်းစား စားပွဲပေါ်ရှိ ဝီစကီခွက်ထဲမှ လက်ကျန်ကို မော့ချလိုက်ပြီးနောက် ကလေးငယ်ကို လွမ်းကြောင်း နှုတ်မှ အသံထွက်ကာ ညည်းညူမိသည်...
ကလေးငယ်ကို ချစ်နေမိပြီဖြစ်ကြောင်း သိလိုက်ရပြီးသည့်နောက်မှာတော့ အလွမ်းတွေက တောင်လို စုပုံလာသည်...
ပြေးတွေ့ကာ ချစ်တဲ့အကြောင်းတွေ တဝကြီးပြောပစ်လိုက်ချင်ပေမယ့် ကလေးငယ်က ဘယ်ဆီမှာမှန်း Krisမသိ... Sehunကို မေးတော့လည်း မသိဟုသာ ပြန်ဖြေသည်...
ကလေးငယ်ကို ပြန်လာတော့ဖို့ရာ Baekhyunကနေ ပြောခိုင်းထားပေမယ့် အကြောင်းပြန်မလာဘူးဟုသာ Sehunက ပြောလာသည်...
"ကလေးငယ်ရေ အမြန်ပြန်လာပါတော့ကွာ... အရမ်းတွေ လွမ်းနေလို့ပါ..."
"လွမ်းရုံပဲလား Kris..."
နောက်ကျောဘက်ကနေ Krisနားထဲ လွင့်ပြန့်လာတဲ့ ဒီအသံ...
"ကလေးငယ်!..."
Kris အနောက်သို့ ချက်ချင်းပဲ လှည့်ကြည့်လိုက်မိသည်...
ထမင်းစားခန်းအဝရဲ့ ဘောင်ကို ပြေလျော့လျော့မှီကာ လက်တို့ပိုက်ထားပြီး Krisရှိရာသို့ ကြည့်နေသည့်ကလေးငယ်...
Kris သောက်တာများသွားပြီထင်ပါရဲ့... မြင်ချင်တာတွေ မြင်နေမိပါရောလား...
ခေါင်းခါယမ်းပြီး အရှေ့သို့ပြန်လှည့်လိုက်မိသည်...
"ကျွန်တော့်ကို မြင်တောင် မမြင်ချင်တော့ဘူးလား..."
နောက်ထပ် ထပ်ကြားလိုက်ရသော ကလေးငယ် အသံ...
သိပ်လွမ်းလွန်းရင် အသံလည်း ကြားရ လူလည်း မြင်ရတာလား...
Krisရှေ့က ဝီစကီ ပုလင်းကို ယူကာ ပုလင်းလိုက် မော့မို့ပြင်လိုက်သည်... လုံးဝမူးသွားမှ အခုလို မြင်နေ ကြားနေရတာတွေက ပျောက်သွားမှာ...