Ep 9

92 17 2
                                    

Uni..

"Boss... ဒီ​​​နေ့ ​ကျွန်​တော်တို့ ဝယ်ဖို့ လုပ်ထားတဲ့ ​မြေကွက်ပိုင်ရှင်နဲ့ ချိန်းထားတယ်​...."

"​အေး သွားမယ်​လေ..."

"ကျွန်​တော်တို့နဲ့ အပြိုင်ဝယ်မဲ့ ဝယ်လက်ကိုလည်း အတူချိန်းထားတယ်လို့ကြားပါတယ်..."

"ဘာလဲ ဟိုDeltaပိုင်ရှင်လား..."

"ဟုတ်ကဲ့ Boss..."

"​ကောင်းတာ​ပေါ့... ​ငါ​ပေးသမျှ ​ဈေး​တွေနဲ့ အပြိုင် လိုက်ဝယ်​နေတဲ့ ပြိုင်ဘက်ကို ငါလည်း တစ်ခါ​လောက်​တော့ ဆုံဖူးသွား​တာ​ပေါ့ကွာ... ဘယ်အချိန် ချိန်းထားလဲ..."

"တစ်နာရီပါ..."

"အချိန်​တောင် သိပ်မလို​တော့ဘူးပဲ... လိုအပ်တဲ့ စာရွက်စာတမ်း​တွေ ပြင်ဆင်ပြီးတာနဲ့ ငါ့ကိုလာ​​ခေါ်လိုက်​..."

"ဟုတ်ကဲ့ boss... ခွင့်ပြုပါဦး...."

"​အေး..."

Sehunထွက်သွား​တော့ အလုပ်စားပွဲ​ပေါ်တင်ထား​သော ဖုန်းလာ၍ယူကြည့်လိုက်​တော့ Baekhyunထံမှ ဖြစ်သည်...

"​Baekhyun ​ပြော..."

"ဘာ!... က​လေးငယ် အက်ဆီးဒင့်ဖြစ်လို့... ဘာဖြစ်သွား​သေးလဲ..."

"ဪ ​အေးပြီး​ရော... ငါ သွားစရာတစ်ခုရှိတယ်... အဲ့ဒါပြီးတာနဲ့ ပြန်လာခဲ့မယ်... Haeraကိုလည်း ငါ ဖုန်းဆက်ထားလိုက်မယ်..."

"ဘာမှ မှာစရာမရှိ​တော့ဘူး... က​လေးငယ်ကိုသာ ​သေချာဂရုစိုက်ထားလိုက်..."

"Boss... ကျွန်​တော်တို့ သွားကြရ​အောင်..."

"​အေး လာပြီ..."

Baekhyunနဲ့ ဖုန်း​ပြောအပြီး Sehunလာ​ခေါ်သော​ကြောင့် Krisနဲ့ Sehunတို့ ချိန်းထား​သော ​နေရာသို့ထွက်လာခဲ့ကြသည်...

​မြေကွက်​ရောင်းမည့်သူနဲ့ ​တွေ့တဲ့အချိန်မှာ​တော့ တစ်ဖက်က ပြိုင်ဘက်က​ရောက်မလာသလို ဝယ်ဖို့ကိုလည်း သူတို့ဘက်က လက်​​လျှော့​လိုက်ကြောင်း​ပြောလာ၍ ထို​မြေကွက်ကို Krisတို့ရလိုက်သည်...

"Bossတော့ ​ပျော်​နေမှာပဲ​နော်... ​မြေကွက်က အဆင်​ပြေ​ပြေနဲ့ ရသွားလို့..."

"​အေးကွာ... ဒီ​လောက်ထိအပြိုင်​ပေးလာပြီးမှ သူတို့ဘာလို့ လက်​လျှော့သွားလည်းဆိုတာ ငါနားမလည်ဘူး... ဒီ​လောက်​နေရာ​ကောင်းတဲ့ ​အကွက်ကို ငါသာဆို လက်မ​လျှော့​လောက်ဖူး..."

𝗕𝗲 𝗠𝗶𝗻𝗲 (U/Z)Where stories live. Discover now