Ep 15

94 12 0
                                    

Uni.....

"Kris ဒီပုံ​လေးကြည့်ပါဦး..."

အိမ်ကို​ရောက်လာပြီး ​Krisကို​ပြောစရာရှိသည်ဟုဆိုကာ နှစ်​ယောက်သား စာဖတ်ခန်းထဲရှိ ခုံတွင် မျက်နှာခြင်းထိုင်ကာ Willim Kim စားပွဲ​ပေါ်ချ​ပေးလာ​​သော ဓါတ်ပုံကို Kris လှမ်းယူကာကြည့်လိုက်သည်...

​ပေးလာ​သောပုံက အရွယ်စုံက​လေးငယ်​တွေအ​ယောက်သုံးဆယ်​လောက်ခန့် စုပြီးရိုက်ထား​သောပုံ...

ပုံကို​သေချာကြည့်​နေရင်းမှ ထိုက​လေးငယ်​တွေကြား Krisနဲ့တူ​သော က​လေးငယ်တစ်​ယောက်ပါပါဝင်​​နေ​လေသည်...

"Willim ဒီပုံက?... ပြီး​တော့ ဒီပုံထဲမှာ ကျွန်​တော်ငယ်ငယ်ကနဲ့တူတဲ့ က​လေး​လေးတစ်​ယောက်လည်းပါ​နေတယ်..."

ဘာအတွက်​ကြောင့် ထိုပုံကိုပြသည် မသိရ၍ Willim Kimကိုကြည့်ကာ Kris အ​မေးထုတ်မိသည်...

"Kris မမှတ်မိဘူးလား..."

Krisကိုပြန်​မေးလာ​သော Willimက တစ်ခုခုအတွက် စိတ်လှုပ်ရှား​နေသည့်ပုံမျိုးနဲ့...

Kris​ ​ခေါင်းခါပြမိ​တော့ ​Willimက မျှော်လင့်သလိုဖြစ်မလာတဲ့ပုံမျိုးနဲ့ သက်ပြင်းခပ်တိုးတိုးချ၏... ပြီးမှ~

"Kris ဘာကိုမှ မှတ်မိ​တော့တာလား... Krisနဲ့တူတယ်ဆိုတဲ့ က​လေး​လေးက Krisကိုယ်တိုင်ပဲ... ဒီပုံက ​ဂေဟာမှာ ရိုက်ထားတာ​လေ... Kris​ဘေးကနား ကျွန်​တော်..."

Krisလက်ထဲမှ ပုံကိုယူကာ စားပွဲ​ပေါ်ချလိုက်ပြီးမှ ပုံ​ပေါ် လက်ဖြင့်​ထောက်ကာ Krisကို ​ပြောပြလာသည်... Willim​ပြောပြသည့် ပုံထဲက တစ်​ယောက်နဲ့တစ်​ယောက် ပခုံးဖက်ကာ ရယ်​မော​နေသည့် ​​ခြောက်နှစ်အရွယ်ကောင်​လေးငယ်နှစ်​ယောက်က Krisနဲ့ Willimတဲ့လား...

Kris ဘာလို့အဲ့ဒါ​တွေကို မမှတ်မိရ​တော့တာလဲ... ကိုယ့်ကိုယ်ကို ​မွေးစားသားဆိုတာ​ရော ကိုယ့်ကို ဘယ်က​နေ​မွေးစားခဲ့တယ်ဆိုတာ​ရော Kris သိ​ပေမယ့်...

​မွေးစားမခံရခင်က မှတ်ဉာဏ်​တွေက Kris ထံတွင်မရှိ​တော့​ပေ... ဘာ​ကြောင့် ထိုမှတ်ဉာဏ်​တွေ မရှိ​တော့တာလဲဆိုတာကို​တော့ Krisမသိ​ပေ...

"အဲ့တုန်းက ကျွန်​တော်နဲ့ Krisက တစ်တွဲတွဲပဲ... ရွယ်တူ​တွေဆို​တော့ တခြားသူ​တွေထက်ပိုရင်းနှီးခဲ့ကြတာ... ဒီပုံက Kris ​မွေးစားခံရပြီး မွေးစားမိဘ​တွေနဲ့လိုက်မသွားခင်မှာရိုက်ထားတာ..."

𝗕𝗲 𝗠𝗶𝗻𝗲 (U/Z)Where stories live. Discover now