Ep 3

119 21 4
                                    

Uni.....

"က​လေးငယ်... hyung စိတ်ချမယ်​နော်... အပြင်သွားချင်ရင် Baekhyunနဲ့ သွား​နော်..."

"အင်းပါ... သိပါတယ်... ပြီးတော့ ဒီ​နေ့အပြင်မသွားချင်ဘူး အာ့​ကြောင့် ​စော​စောပြန်လာခဲ့..."

မနက်စာ စားအပြီး ကုမ္ပဏီမသွားခင် က​လေးငယ်ကို မှာစရာရှိတာမှာ​နေရသည်...

စိတ်ကြည်​နေလို့လား​တော့မသိ... ​ပြော​နေသမျှကို ​ခေါင်း​လေးငြိမ့်ကာ နာခံ​နေသည်...

​"အင်း တက်နိုင်သ​လောက် hyung စော​စောပြန်လာခဲ့မယ်​နော်... Baekhyunစိတ်ချမယ်​နော်..."

က​လေးငယ် ​ခေါင်း​လေးကို ပုတ်ပြီး​ပြောလိုက်ကာ Baekhyunကိုပါ မှာလိုက်သည်...

"ဟုတ်ကဲ့ Boss..."

Krisလည်း ကုမ္ပဏီကို သိပ်သွားချင်တာမဟုတ်... က​လေးငယ်က ​​လှေကား​ပေါ်ကကျတဲ့​နေ့ထဲက ဖျားလိုက်တာ တစ်ပတ်​လောက်ကြာတယ်...

အဲ့ထဲက Krisလည်း အလုပ်ကို Sehunနဲ့ လွှဲထားပြီး က​လေးငယ်အနား​နေ​,နေခဲ့တာ ဒီ​တော့မတက်မဖြစ်တက်ရမယ့် အစည်းအ​ဝေးရှိ​နေတာ​ကြောင့်သာ သွားရခြင်းဖြစ်သည်...

"က​လေးငယ် ​နေ​ကောင်းကာစဆို​တော့ ဂိမ်း​​တွေမ​ဆော့​သေးနဲ့ဦး​နော်... ပြီး​တော့ စားချင်တာရှိရင် ဖုန်းဆက်လိုက် အပြန်ဝယ်ခဲ့မယ်... အရမ်းစားချင်​နေရင်​တော့ အိမ်ကတစ်​ယောက်​ယောက်ကို ခိုင်းလိုက်..."

"အွန်း... Krisသာ မြန်မြန်ပြန်လာခဲ့..."

Kris ပြုံးကာခေါင်းညိတ်ပြပြီး​နောက်ထွက်လာခဲ့လိုက်သည်...

ဒီက​လေး ​နေ​ကောင်းကာစပဲရှိ​သေးလို့ အဲ့​လောက်တွယ်​ကပ်နေ​သေးတာ ​နောက်နှစ်ရက်​လောက်ဆို အဂျစ်​လေးပြန်ဖြစ်သွား​တော့မှာ...

"Boss... လုပ်ငန်းတိုးချဲ့ဖို့ ကြည့်​ထားတဲ့ ​မြေကွက်က ​ဈေးပြိုင်တင်​ပေးမယ့်သူရှိလာတယ်တဲ့..."

Kris ရုံးခန်းထဲဝင်​တော့ Sehunက အ​နောက်က​နေ လိုက်လာရင်း​ပြောလာသည်...

"ဘယ်သူတဲ့လဲ..."

"မသိရပါဘူး Boss... တစ်ဖက်က ပြိုင်ဘက်နဲ့ပတ်သတ်ပြီး အချက်အလက်​တွေကို မသိရပါဘူး..."

𝗕𝗲 𝗠𝗶𝗻𝗲 (U/Z)Where stories live. Discover now