Uni♡
ကလေးငယ်ဘေး စာအုပ်ထိုင်ဖတ်ရင်း တွေးချင်ရာတွေးနေမိပြီးနောက် ဘယ်အချိန်မှာ Kris အိပ်ပျော်သွားမိလဲ မသိပေမယ့် နိုးလာတော့ ညတောင်မိုးချုပ်နေပြီ... ဘေးနားတွင်လည်း ကလေးငယ် မရှိတော့ပေ...
Krisလည်း အိပ်ရာမှထကာ အောက်ထပ်ကိုဆင်းလာပြီး ကလေးငယ်ကို ဟိုဟိုသည်သည်ရှာဖွေကြည့်မိသည်....
"သား... Chanလေးကို ရှာနေတာလား... Chanလေး ခြံထဲဆင်းသွားတယ်...."
အဒေါ်ကြီးက ကလေးငယ်ကိုရှာနေသော Krisအနားသို့ ရောက်လာပြီး ကလေးငယ် ခြံထဲဆင်းသွားကြောင်းပြောလာသောကြောင့် Krisလည်း ခြံထဲလိုက်သွားလိုက်သည်...
ကလေးငယ်ရဲ့ အခြေအနေကို သိချင်၍လည်းဖြစ်သည်...
Kris ခြံထဲရှိ ကလေးငယ်ရှိနေတက်မည့်နေရာသို့ တန်းတန်းမတ်မတ်ပဲ လျှောက်သွားလိုက်သည်...
အနားမရောက်ခင်ထဲက လှမ်းကြည့်နေမိတာ ကလေးငယ်သည် သစ်လုံးရှည်ခုံပေါ်ထိုင်ကာ ဂီတာကို ပိုက်ထားပြီး လူက အသိမဲ့နေတဲ့သူတစ်ယောက်လို ငေးငိုင်နေလေသည်....
"ကလေးငယ်...."
ကလေးငယ်ဘေး Kris ဝင်ထိုင်ကာခေါ်လိုက်ပေမယ့်လည်း ကလေးငယ် ကြားပုံမပေါ်ပေ...
"ကလေးငယ်...."
"ဪ Kris!..."
နောက်တစ်ကြိမ် အနားကပ်ကာ ခေါ်လိုက်တော့မှ Krisထိုင်နေတာကို သတိပြုမိသွားပုံရသွားတော့သည်...
"ဘာလုပ်နေတာလဲ...."
"ဒီအတိုင်းပဲ ထိုင်နေတာ..."
"နေရောကောင်းရဲ့လား..."
စိတ်ထိခိုက်လွန်းရင်လည်း ဖျားတက်သော ကလေးငယ်ကြောင့် Krisမေးမိလိုက်ခြင်းဖြစ်သည်...
မားဆုံးသွားတုန်းကလည်း စိတ်ထိခိုက်ပြီး နေမကောင်းဖြစ်သွားတာ တစ်လလောက်ကြာသလို ကလေးငယ် လူရော စိတ်ရော ပြန်ကျန်းမာလာဖို့ Krisတို့ မနည်းကြိုးစားပြီး ကုယူခဲ့ရသည်....
"အင်း..."
"သီချင်း တီးနေတာလား..."
"အစကတော့ သီချင်းတီးမလို့ပဲ... ဒါပေမယ့် စိတ်မပါတော့လို့...."