Uni♡
"Sehun hyung... ဘယ်လဲ..."
Chanအလုပ်ကပြန်ရောက်ပြီးနောက် ရေချိုးပြီး အခန်းထဲက ထွက်အလာ လက်ထဲတွင် စာရွက်စာတမ်းအချို့ကိုကိုင်ကာ Krisအခန်းကို ဦးတည်နေသော Sehun hyungကိုတွေ့လိုက်တာကြောင့် Chan လှမ်းမေးလိုက်သည်...
ဆေးရုံဆင်းစမို့ အလုပ်တွေမလုပ်စေချင်သေး၍ မေးမိခြင်းလည်းဖြစ်သည်...
"Bossဆီသွားမလို့ အကိုလေး..."
"အလုပ်တွေလား..."
Sehun hyung လက်ထဲက စာရွက်တွေကို လှမ်းကြည့်ရင်း Chan မေးလိုက်သည်...
"မဟုတ်ပါဘူး အကိုလေး..."
"မဟုတ်ရင်လည်း ပြီးတာပါပဲ... Krisကို အလုပ်ကိစ္စတွေ သွားမပြောနဲ့နော်... Krisကို နားပါစေဦး..."
"ဟုတ်ကဲ့ပါ အကိုလေး... မပြောပါဘူး... ခုကလည်း bossခေါ်ထားလို့ပါ..."
"ဒါဖြင့်လည်း သွားလေ..."
Sehun hyung Krisအခန်းထဲသို့ဝင်သွားတော့ Chanလည်း အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်...
"ကျွန်တော်ပါ boss..."
"ဝင်ခဲ့လေ Sehun..."
အကိုလေးနဲ့ စကားပြောပြီးတာနဲ့ Sehun bossအခန်းထဲ ဝင်ခဲ့လိုက်သည်...
"boss..."
"ထိုင်လေ Sehun..."
"ဟုတ်ကဲ့..."
"ကလေးငယ်ကို ကူညီပေးနေရတာ ပင်ပန်းနေပြီလား Sehun..."
"မပင်ပန်းပါဘူး bossရဲ့... အကိုလေးကလည်း ထင်ထားတာထက်ပိုတော်တော့ ကျွန်တော် သိပ်အများကြီး ကူပေးစရာတောင်မလိုပါဘူး... ဒါနဲ့ ကျွန်တော့်ကို ခေါ်တာ ကိစ္စရှိလို့လား..."
"ဆိုပါတော့ မေးစရာတွေလည်း ရှိတယ်... ပေးစရာလည်းရှိတယ်..."
"ဟုတ်ကဲ့ မေးပါ boss..."
"အလုပ်ကအခြေနေတွေနဲ့ ရှယ်ယာရှင်တွေရဲ့ အခြေနေလေး..."
"အလုပ်တွေကတော့ ကောင်းကောင်းလည်ပတ်နေပါတယ်... ရှယ်ယာရှင်တွေဘက်ကလည်း ဘာလှုပ်ရှားမှုမှမရှိပဲ ငြိမ်ပါတယ် boss... ဒါနဲ့ boss..."