Uni....
*ring ring ring...*
Meetingအတွက်လိုအပ်တဲ့ အချက်အလက်တွေကို ပြန်ဖတ်ရင်း မြည်လာတဲ့ ဖုန်းသံကြောင့် စားပွဲပေါ်က ဖုန်းကို Krisယူကိုင်လိုက်သည်...
'ပြော!...'
မာထန်ထန်လေသံက ကြားရသူအဖို့ ကျောချမ်းစရာပင်...
'Boss... အကိုလေး ပျောက်သွားပြန်ပြီ...'
'အခုတွေ့ပြီလား...'
'ရှာနေတုန်းပါ Boss...'
'အေးတွေ့တာနဲ့ အပြင်ပြန်မထွက်စေနဲ့တော့ကြားလား...'
'ဟုတ်ကဲ့ပါ....'
'ငါပြန်လာတဲ့အထိ တံခါးအားလုံးကို သော့ခတ်ထား....'
Krisပြောပြီးတာနဲ့ ဖုန်းချကာ စားပွဲပေါ်ပစ်တင်လိုက်သည်...
အလုပ်ကြောင့်ပင်ပန်းတာထက် ဒီကလေးကြောင့် စိတ်ပင်ပန်းရတာက ပိုနေသည်... သူ ပျောက်တယ်ဆိုတာကြားတာနဲ့ Kris စိတ်ပူခြင်းတို့က အရင်ဝင်လာသည်...
*ပါးနဲ့မားရေ ကျွန်တော်တော့ Chanyeolကို ရှေ့ဆက်ပြီး ဘယ်လိုထိန်းရဦးမှာလဲ... ကျွန်တော်တကယ်ပင်ပန်းနေပြီ...*
တကယ်ပါ တစ်ခါတစ်လေ ဒီဘဝကနေလွတ်မြောက်ချင်မိသည်အထိ Krisတွေးမိတာ...
ကိုယ်မပိုင်တဲ့ပစ္စည်းဥစ္စာရော သက်ရှိကိုရော စောင့်ရှောက်ပေးနေရတာ Kris တကယ်ပင်ပန်းလာပြီ...
ဒါပေမယ့်လည်း လောကကြီးထဲ တစ်ယောက်တည်းကျန်ရစ်ခဲ့မည့်သူကိုတွေးမိတော့ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ Krisထွက်မသွားရက်ခဲ့ပါ...
*ဒေါက် ဒေါက် ဒေါက်...*
"ဝင်ခဲ့ပါ..."
"Boss အစည်းဝေးသွားရတော့ပါမယ်..."
"အေး ငါသိပြီ..."
Krisရဲ့ P.A(personal assistant)ဖြစ်သော Oh Sehun သတိလာပေးတော့မှ အစည်းဝေး သွားဖို့ရာ အခန်းထဲမှ ထွက်လာခဲ့လိုက်တော့သည်...
အစည်းဝေးလုပ်နေချိန်အတွင်းရောက်လာသော messageကို ကြည့်ပြီး Kris စိတ်ပူနေခြင်းတို့လျော့သွားတော့သည်...