Ep 24

63 8 1
                                    

Uni ♡

"အမ boss​ရော..."

"အခန်းထဲမှာ ဧည့်သည်နဲ့ စကား​ပြော​နေတယ် ​မောင်​​လေး..."

Sehunကိုယ်စား အသစ်ခန့်ထားတဲ့ အတွင်း​ရေးမှူးအမကို ​မေးလိုက်​တော့ ဧည့်သည်နဲ့ စကား​ပြော​နေသည်ဟုပြန်​ဖြေလာသည်....

"အကို​လေး... bossက ဧည့်သည်နဲ့ စကား​ပြော​နေတယ်ဆို​တော့ နည်းနည်းကြာဦးမယ်ထင်တယ်... ​စောင့်ဦးမလား..."

"​စောင့်လိုက်မယ်... ကျွန်​တော် လုပ်စရာ အ​ရေးတကြီး ကိစ္စ​တွေ မရှိ​တော့ဘူးမလား..."

"ဟုတ်ကဲ့ မရှိ​တော့ပါဘူး..."

​"အင်း..."

"အကို​လေး..."

"​​ပြောပါ hyung..."

"ကျွန်​တော် အလုပ်​လေး​တွေရှိ​သေးလို့..."

"ရတယ်သွား​လေ... Baek hyungကိုပါ ​ခေါ်သွားလိုက်... ကျွန်​တော် ဒီမှာပဲရှိ​နေတာမို့ စိတ်ချသွား..."

Chan ကိုယ့်လူ​တွေ အ​ကြောင်းကို သိတာမို့ Chanကို စိတ်ချရ​အောင်လည်း ​ပြောရ​သေးတယ်...

"ဒါဆို ကျွန်​တော်တို့ သွားမယ်​နော်... အမ အကို​လေးကို အပ်ခဲ့မယ်​နော်..."

"​အေးပါ ​မောင်​လေးရယ်..."

"Hyung ကျွန်​တော်က က​လေးမဟုတ်​တော့ဘူး... သွားမှာဖြင့်သွား​တော့ဗျာ..."

Krisရဲ့ အတွင်း​ရေးမှူးအသစ်ဖြစ်တဲ့ အမထံ Chanကို စိတ်မချစွာအပ်​နေ​သော Sehun hyung​ကြောင့် ထိုအမကလည်း ပြုံးစိစိနဲ့... companyတစ်ခုကို အုပ်ချုပ်​နေတဲ့ CEOကို က​လေး​တစ်​ယောက်လို အပ်​နေတာ ဘယ်သူက မရယ်ချင်ပဲ​နေပါ့မလဲ...

"ဟို​လေ သူ​ဌေး​လေး... meeting roomထဲ သွား​စောင့်​​နေပါလား... bossပြီးသွားရင် အမလာ​ခေါ်​ပေးပါ့မယ်..."

"ရတယ် အမ ကျွန်​​တော် ဒီနားပဲရပ်​စောင့်​နေမယ်... အမလုပ်စရာရှိတာလုပ်​နော်... ကျွန်​တော့်ကို အားမနာနဲ့..."

"ဟုတ်ကဲ့..."

အတွင်း​ရေးမှူးအမက Kris အခန်းဝကို မှီကာ ရပ်​နေ​သော Chanကို ကြည့်လာပြီး meeting roomထဲ သွား​စောင့်​နေဖို့​ပြောလာ​ပေမယ့် Kris companyကို Chanလည်း ခုမှ​ရောက်ဖူးတာ​ကြောင့် Kris အခန်း​ရှေ့က​နေဆို ရုံးခန်းတစ်ခုလုံးကို မြင်​နေရတာမို့ ထို​နေရာတွင်ရပ်ကာ Chan ​လေ့လာကြည့်​ဖြစ်သည်...

𝗕𝗲 𝗠𝗶𝗻𝗲 (U/Z)Where stories live. Discover now