Ep 2

188 26 3
                                    

Uni....

"က​လေးငယ်!!!!..."

​လှေကား​ခြေရင်းတွင် ပုံကာလဲ​နေ​သော က​လေးငယ်ထံ Kris​ပြေးသွားလိုက်သည်...

"အ​ဒေါ်ကြီး... Baekhyun... ဘာလုပ်​နေကြလဲ..."

က​လေးငယ်ကို ​ကောက်​ပွေ့ရင်း အ​​ဒေါ်ကြီးနဲ့ Baekhyunကိုပါ ​အော်​ခေါ်လိုက်သည်...

"က​လေးငယ်... က​လေးငယ်..."

Kris တ​ကြော်​ကြော်​ခေါ်​နေ​ပေမယ့် သတိမရှိ​​သော က​လေးငယ်က Krisလက်ထဲတွင် ငြိမ်သက်လျက် ​ခေါင်းကို ထိန်းကိုင်ထား​သော လက်တွင် စိုစိစိအထိအ​တွေ့ကို ခံစားလိုက်ရတာ​ကြောင့် လက်ကိုဖယ်ခွာကာကြည့်မိ​တော့ ထင်သည့်အတိုင်း ​သွေး​တွေ...

"သားKris Chan​လေး ဘာဖြစ်လို့လည်း..."

"Boss... အကို​လေး..."

အနား​ရောက်လာကြတဲ့ အ​ဒေါ်ကြီးနဲ့ Baekhyunသည်လည်း ​Krisတို့ကိုကြည့်ပြီး ​ကြောင်အ​လျက်ဖြစ်​လို့နေသည်...

"Baekhyun Haeraဆီဖုန်းဆက်ပြီး ခုလာခဲ့ဖို့​ပြော... အ​ဒေါ်ကြီးက ​သွေးတိတ်​အောင်လုပ်ဖို့ လိုအပ်တာ​တွေယူပြီး က​လေးငယ်အခန်းထဲကို လိုက်ခဲ့​ပေးပါ..."

နှစ်​ယောက်လုံးကို လိုအပ်တာ​တွေမှာပြီးတာနဲ့ က​လေးငယ်ကိုယ်​လေးကို ​ပွေ့ချီကာ အ​ပေါ်ထပ်သို့တက်လာခဲ့လိုက်သည်...

ကုတင်​ပေါ်အသာချပြီး​နောက် ​လော​လောဆယ် ​သွေးတိတ်​စေရန် အ​ရေး​ပေါ်နည်းလမ်းများဖြင့် Kris လုပ်ထားရင်း Haeraအလာကို ​စောင့်​နေမိသည်...

"Kris ငါဝင်ခဲ့မယ်​နော်..."

"​အေး ဝင်ခဲ့..."

"ဘယ်လိုဖြစ်ရတာလဲ..."

ကုတင်​ပေါ်တွင် သတိ​မေ့​နေ​သော က​လေးငယ်ကို ကြည့်ပြီး Haeraက Krisကို ​မေးလာသည်...

"ငါလည်း နင်နဲ့ ဖုန်း​ပြောပြီး​နောက် ဝုန်းခနဲ အသံကြားလို့ ထွက်ကြည့်​တော့ ​လှေကားရင်းမှာ လဲ​နေတာကို ​တွေ့လိုက်ရတာပဲ..."

Haeraက က​လေးငယ်ကို စစ်ကြည့်ရင်း Kris​ပြောသည်တို့ကို နား​ထောင်​နေသည်...

"​တော်​သေးတာ​ပေါ့... ဘာမှ​တော့ သိပ်ကြီးကြီးမားမားမဖြစ်ပါဘူး... ​ခေါင်း နည်းနည်း​လေး​ပေါက်သွားလို့ နှစ်ချက်လောက်​တော့ ချုပ်ရမယ်... နင်ကလည်း ​သွေးတိတ်​အောင်လုပ်​ပေးထားတာဆို​တော့ ချုပ်ဖို့ပဲကျန်တယ်..."

𝗕𝗲 𝗠𝗶𝗻𝗲 (U/Z)Where stories live. Discover now